Main menu

Background

အာဆီယံဖွံ့ဖြိုးမှုအတွက် ထောက်ပံ့ ပို့ဆောင်ရေး အခြေခံ အဆောက်အအုံ အဓိက ကျ

Mon, 03/05/2012 - 07:10 -- Anonymous (not verified)

    ၂၀၁၅ ခုနှစ်မှာ အာဆီယံစီးပွားရေး အသိုက် အဝန်း (AEC) ဖွဲ့စည်းပြီးတာနဲ့ တစ်ပြိုင်နက် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင် ငံအား စြင်္ကံအချင်းချင်းကုန်သွယ်မှု လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ဖို့ ပြင်ဆင်ရန် ထိုင်းနိုင်ငံနဲ့ အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍ မှ ဦးစီးအဖွဲ့ဝင်များက ထိုင်းနိုင်ငံအား အကြံပြုထား ကြောင်း ထိုင်းသတင်း အေဂျင်စီက ဖော်ပြထား ပါတယ်။    အာရှစီးပွားရေးအသိုက်အဝန်း AEC ကို ထူထောင်ပြီးတာနဲ့ တစ်ပြိုင်နက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နံှမှုများ လွတ်လပ်စွာစီးဆင်းလာတော့ မှာဖြစ်လို့ ကုန်းလမ်း သယ်ယူပို့ဆောင်ရေးနဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ပိုမို ဆောင်ရွက်လာတော့မည်ဖြစ်သည့်အတွက် ကြီး ထွားလျက် ရှိတဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားဖို့ ''အာဆီယံအခြေခံ အဆောက်အအုံ ကိုဆက်သွယ်ခြင်း"ဟူသော ခေါင်းစဉ်နဲ့ အာဆီယံ စီးပွားရေး လုပ်ငန်း ဖိုရမ်ရဲ့ အစိတ်အပိုင်းတစ်ရပ် အဖြစ် ဖေဖော်ဝါရီ ၂၉ ရက်က ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပြောကြားရာ၌ အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ ပို့ဆောင်ရေး ကျွမ်းကျင်သူတို့က တိုက် တွန်း ပြောကြားပါတယ်။    အာဆီယံ ဒေသတွင်းမှာရှိတဲ့ ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းများ အချင်းချင်းပြိုင်ဆိုင်မှု များပြင်းထန်လာတော့မှာဖြစ်ရာ အာဆီယံဒေသ ရဲ့ ပထဝီဝင်အရ အထက်ပိုင်းဇုန်နဲ့ အောက်ပိုင်း ဇုန်များတွင် ထိုင်းနိုင်ငံနဲ့စင်ကာပူနိုင်ငံတို့က အချက် အချာနေရာများဖြစ်လာနိုင်ကြောင်း ဦးစီးအဖွဲ့ဝင် များကပြောကြားပါတယ်။    အာဆီယံ ဆက်သွယ်မှု ပိုမိုကောင်းမွန်ဖို့ အတွက် အာဆီယံနိုင်ငံများ အချင်း ချင်းပိုမိုခိုင်မာ တဲ့ ကွန်ရက်ဖွဲ့စည်းဖို့နဲ့ ဒေသတွင်း ကုန်စည်စီးဆင်း မှုလွယ်ကူချောမွေ့စေဖို့အတွက်ထောက်ပံ့ပို့ဆောင် ရေး လမ်းကြောင်းများ အတွက် ရင်းနှီးမြှုပ်နှံမှု အသစ်များဆောင်ရွက်ဖို့ဦးစီးအဖွဲ့ဝင်များက တိုက် တွန်းပါတယ်။Source:bernama.com