Main menu

Background

မိုဘိုင်းဖုန်းများအတွက် ဘက်ထရီသစ် တီထွင် ထုတ်လုပ်မည်

Mon, 03/05/2012 - 07:10 -- Anonymous (not verified)

    ဆွီဒင်ဘက်ထရီထုတ်လုပ်ရေးလုပ်ငန်း myFc  က ရေနဲ့ လည်ပတ်နိုင်မဲ့ အားသွင်းစက်တွေ ထုတ်နိုင်တော့မယ် လို့ပြောပါတယ်။ တခြား ဘက်ထရီထုတ်လုပ်ရေးကုမ္ပဏီဒူရာဆဲလ်ကလည်း ဖုန်းတွေ အားပေးနိုင်မဲ့စွမ်းအင် "ဖျာ" (Mat)   ကိုထုတ်လုပ်နိုင်ပြီလို့ဆိုပါတယ်။ ကာလီဖိုးနီးယား အခြေစိုက် XPAL Power   ကလည်း ၁၅ နှစ်လောက် အားသွင်းထားနိုင်တဲ့ ဖုန်းကို ထုတ်နိုင်ပြီလို့ ပြောပါတယ်။    "ဖုန်းထဲမှာရှိတဲ့စွမ်းအင်နဲ့ ကျွန်တော်တို့ သုံးချင်တဲ့ စွမ်းအင်ခြားနားချက်တွေ တစ်စစ ကြီးထွားနေပါတယ်။ ကျွန်တော်တို့ခဏခဏအားသွင်းနေတော့ ဖုန်းကိုနံရံမှာ ချိတ်ထားချင်စိတ် ကုန်လာတယ်"လို့ myFc  က အမှုဆောင်အရာရှိချုပ် ဘွန်ဝက်စတာဟုမ်းက ပြောပါတယ်။    ဒါကြောင့် myFc ကခရီးဆောင် အားသွင်းစက် Power Trekk charger ကို ထုတ်လုပ် ခဲ့ပါတယ်။ ဒီစက်က ကင်မရာပြားလေးထက် အနည်းငယ်ကြီးပါတယ်။ ရေတစ်ဇွန်းစာနဲ့ Fuel Puck  လို့ခေါ်တဲ့ သတ္တုပြားကိရိယာကို အသုံးပြုပါတယ်။ ဒီကိ ရိယာနဲ့ အိုင်ဖုန်းကို အားပြည့် အောင် သွင်းပေးနိုင်ပါတယ်။ ဒီအားသွင်းစက်ကို စပိန်နိုင်ငံဘာစီလိုနာမှာ ကျင်းပနေတဲ့ ကမ္ဘာ့ အကြီးဆုံး မိုဘိုင်းဖုန်းပြပွဲမှာmyFc   က ပြသထားပါတယ်။    ကယ်လီဖိုးနီးယားအခြေစိုက် XPAL Power   က ၁၅ နှစ်ခံဘက်ထရီနဲ့ ဖုန်းကို ထုတ်လုပ် ထားကြောင်း ကုမ္ပဏီရဲ့ ဥက္ကဌက ပြောပါတယ်။ ဖုန်းကို Spareone လို့အမည်ပေးထားပြီး မတ်လမှာ ဈေးကွက်တင်ဖို့ရှိတယ်လို့ ပြောပါတယ်။ ဖုန်းကိုမသုံးဘဲ ပိတ်ထားရင် ၁၅ နှစ် အားပြည့်နေပြီး ဖွင့်ထားရင် တစ်လခံတယ်လို့ ပြောပါတယ်။     ဒူရာဆဲလ်ကုမ္ပဏီက Power Mat  စနစ်ကိုသုံးပါတယ်။ ဒီဖျာကဖုန်းနှစ်လုံးကို အားသွင်းနိုင် တဲ့ နေရာ အကျယ်အဝန်းရှိပြီး အထူးတလည် ကာကွယ်မှု ပေးထားပါတယ်။    ကုမ္ပဏီက ဒီ"ဖျာ" တွေကို အမြန်ရ အစားအစာဆိုင်တွေလို အများပြည် သူသုံးနေရာတွေ မှာ တပ်ဆင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါကြောင့်လူတွေက အချိန်မရွေးအားသွင်းနိုင်တော့မှာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဒီအားသွင်းဖျာကို  မော်တော်ယာဉ်တွေမှာ တပ်ဆင်ဖို့ ကုမ္ပဏီက ဂျင်နရယ်မော်တာ ကုမ္ပဏီနဲ့ သဘောတူညီချက်ရထားပြီးဖြစ်ပါတယ်။Source:economictimes.indiatimes.com