Main menu

Background

ဥရောပ ဗဟိုဘဏ်က ဘဏ် ၈၀၀ အတွက် ယူရိုဘီလီယံ ၅၀၀ လျာထား

Mon, 03/05/2012 - 07:15 -- Anonymous (not verified)

    ဥရောပ ဗဟိုဘဏ်(ECB)ရဲ့ ရေရှည် ဘဏ္ဍာ ငွေ  ပြန်လည် ထောက်ပံ့ရေး လုပ်ငန်း (LTRO) အရ ဒုတိယအကြိမ် ပေးမဲ့ အစီအစဉ်အတွက် ဘဏ် ၈၀၀ အတွက် ယူရိုဘီလီယံ ၅၀၀ ကျော်ကို ဖေဖော်ဝါရီ ၂၉ ရက်က ဗဟိုဘဏ်ကခွဲေ၀ လျာ ထားပေးပါတယ်။ ပထမဆုံး တင်ဒါအဖြစ် ခွဲေ၀ ပေးနိုင်ဖို့ အတွက် ECB က ဒေသတွင်းရှိဘဏ္ဍာ ရေး အဖွဲ့အစည်းများထံသို့ ယူရိုတစ်ထရီလီယံ (ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံ)ကို ထုတ်ပေး ခဲ့ပါတယ်။ ချေးငွေပမာဏမှာ စောစောပိုင်းက ခန့်မှန်းထားတာထက် အနည်းငယ် ပိုမိုခဲ့ပါတယ်။    ဒုတိယအကြိမ်သုံးနှစ် LTRO  အတွက်လျာ ထားတဲ့ ချေးငွေက ပထမ အသုတ်ကပေးတဲ့ ချေး ငွေလောက်သာ ရှိမယ်လို့ စောစောက ခန့်မှန်းခဲ့ပါ တယ်။ ပထမထုတ်ပေးခဲ့စဉ်က ချေးငွေက ယူရို ဘီလီယံ ၄၉၀ သာရှိခဲ့ပါတယ်။    သုံးနှစ် ူွျှွဥ  အတွက်တင်ဒါ မခေါ်ယူမီ ချေးငွေ အတွက်ပေးရမည့် အာမခံလိုအပ်ချက် များကို ECB  က လျှော့ချပေးခဲ့ပါတယ်။ ဒါကြောင့် ECB မှပေးမဲ့ ငွေကြေးကို ရယူနိုင်ဖို့အတွက်  ဒေသတွင်းရှိဘဏ်ကလေးများအတွက် လမ်းပွင့် သွားစေခဲ့ပါတယ်။ ECB  မှ ဈေးနှုန်းချိုချိုသာသာ ရဖို့အတွက် ဒေသတွင်းရှိ ဘဏ်ကလေးများက ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်အတွက် ဘဏ္ဍာရေး ထောက်ပံ့မှုလိုအပ်ချက်များ ရရှိထားဖို့လိုအပ် တယ်လို့ ဖရန့်ဖတ်ရှိ  Bank of Communication    မှအကြီးတန်းမန်နေဂျာ ဝမ်ဂျီဒေါင်က ပြော ပါ တယ်။    ချေးငွေတွေကြောင့် ဈေးကွက်တွေထဲမှာ ဖြစ် ပေါ်နေတဲ့ တင်းမာမှုတွေကို တစ်နည်းမဟုတ် တစ် နည်း လျော့ကျစေမှာဖြစ်ပါတယ်။ ပထမသုတ်ရမဲ့ သုံးနှစ်ချေးငွေယူရို ၄၈၉ ဘီလီယံအနက် ဘီလီယံ ၁၀၀ လောက်ကလက်တွေ့စီးပွားရေး နယ်ပယ်ထဲ ကို ရောက်မယ်လို့ ဝမ်က ပြောပါတယ်။Source:english.cri.com