ဘရာဇီးလ်နိုင်ငံ၏ ကုန်သွယ်ရေးဝါဒ
တရုတ်နိုင်ငံလုပ် မော်တော်ကားများ ဘရာ ဇီးလ်နိုင်ငံ၏ လမ်းများပေါ်မှာ သိသိသာသာ တိုး ပွားလာခြင်းကြောင့် ပြည်တွင်းမှ မော်တော်ကား ထုတ်လုပ်သူများနှင့် အစိုးရအဖွဲ့တို့ကို တုန် လှုပ်သွားစေခဲ့သည်။ သို့နှင့်ပင် ပြည်တွင်းဖြစ် ပစ္စည်းပါဝင်မှု ၆၅ ရာခိုင်နှုန်းအောက် လျော့နည်း သော မော်တော်ကားများအပေါ် အခွန် ၃၀ ရာ ခိုင်နှုန်း တိုးမြှင့်စည်းကြပ်ရန်နှင့် ပြည်ပမှတင်သွင်း သည့် မော်တော်ကားများအပေါ် သွင်းကုန်ခွန် ၅၅ ရာခိုင်နှုန်း စည်းကြပ်ရန် ပြဋ္ဌာန်းလိုက်သည်။ အခွန်နှုန်းများ တိုးမြှင့်လိုက်ခြင်းသည် ကိုယ်ကျိုး စီးပွားကာကွယ်ရေးမူကို ပြောင်ကျကျကျင့်သုံး လိုက်ခြင်းဖြစ်ပြီး၊ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့၏ စည်း မျဉ်းများကို ချိုးဖောက်ရာလည်း ရောက်သည်ဟု ဆိုနိုင်သည်။ တိုင်းပြည်တွင် စက်မှုလုပ်ငန်းများ ပျက်ပြားမည့် အန္တရာယ်အပေါ် သမ္မတ ဒဲလ်မာရူး ဆက်အစိုးရအဖွဲ့၏ စိုးရိမ်မှုကို ပြသခြင်းလည်း ဖြစ်သည်။တရုတ်နိုင်ငံသည် ဘရာဇီးလ်နိုင်ငံ၏ အရေး အပါဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့သည်။ ၂၀၀၂ ခုနှစ်နောက်ပိုင်းတွင် နှစ်နိုင်ငံကြား ကုန် သွယ်မှုပမာဏ ၁၇ ဆအထိတိုးခဲ့သည်။ ဘရာ ဇီးလ်နိုင်ငံကကုန်သွယ်မှုအမြတ် အမြောက်အမြား ရရှိခဲ့သော်လည်း ဘရာဇီးလ်၏ ပို့ကုန်များမှာ အဓိကအားဖြင့် သံရိုင်း၊ ပဲပုပ်စေ့နှင့် ရေနံစိမ်း စသည့် ကုန်ကြမ်းပစ္စည်းများသာဖြစ်သည်။ စက်မှု ထုတ်ကုန်များတွင်မူ ကုန်သွယ်မှုအရှုံးပြနေသည်။ ယမန်နှစ်က တရုတ်နိုင်ငံမှ မော်တော်ယာဉ် တင် သွင်းမှု ၅ ဆတိုးလာခဲ့ပြီး ယခုနှစ်တွင် မိုဘိုင်းလ် ဖုန်းနှင့် ရှူးဖိနပ်များကို တရုတ်တို့က လျှော့ဈေးဖြင့် ဈေးကွက်ထိုးဖောက် (Dumping) လာသဖြင့် ကန့်ကွက်မှုများ ပေါ်ထွက်ခဲ့သည်။လတ်တလော နှစ်များအတွင်း ငွေတန်ဖိုး တက်လာခြင်း၊ အတိုးနှုန်းမြင့်နေခြင်း၊ အခွန်နှုန်း တိုးမြှင့်ခြင်း၊ အခြေခံအဆောက်အအုံများ ညံ့ဖျင်း ခြင်းနှင့် အလုပ်သမားများ၏ ပညာရေးနိမ့်ကျနေ ခြင်းတို့ကြောင့် ဘရာဇီးလ်ကုန်ထုတ်လုပ်ငန်းရှင် များမှာ ခက်ခဲစွာ ရုန်းကန်နေကြရသည်။ ဘရာ ဇီးလ်အစိုးရက ရေတိုကာလအတွက် ကိုယ်ကျိုးစီး ပွားကာကွယ်ရေးနည်းလမ်းများဖြင့် တုံ့ပြန်သကဲ့သို့ ရေရှည်အတွက် အပြုသဘောဆောင်သည့် မူဝါဒ ပြောင်းလဲသွားရေးကို ဦးတည်လျက်ရှိသည်။ မော် တော်ယာဉ်များအပေါ် အခွန်တိုးမြှင့်စည်းကြပ်ရန် စက်မူလုပ်ငန်းမူဝါဒသစ်အရ လွန်ခဲ့သည့် စက် တင်ဘာလက ကြေညာခဲ့ရခြင်းမှာ ပြည်တွင်း၌ မော်တော်ယာဉ်အလုပ်ရုံ မတည်ထောင်ဘဲ မော် တော်ယာဉ်တင်သွင်းနေခြင်းအား ပြည်တွင်းမှာ ပင် စက်ရုံ၊ အလုပ်ရုံများ မြန်မြန်ဆန်ဆန် တည်ထောင် လာစေရန် ဖိအားပေးခြင်းဖြစ်သည်။ သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံရန် ကြေညာလိုက်ပြီးနောက် JAC Motors ၊ BMW နှင့် အိန္ဒိယမှ တာတာ ကုမ္ပဏီပိုင် Jaguar Land Rover မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများက ဘရာဇီးလ်နိုင်ငံမှာ ပင် အလုပ်ရုံများတည်ထောင်မည့် စီမံကိန်းများကို ကြေညာခဲ့ကြသည်။စက်မှုလုပ်ငန်းမူဝါဒအရ ဖိနပ်၊ အဝတ် အထည်၊ ပရိဘောဂနှင့် ဆော့ဖ်ဝဲကုမ္ပဏီများမှ ဝန်ထမ်းများ၏ လစာလုပ်ခအပေါ် အခွန်ကောက် ခံမှုကို သက်သာခွင့်ပေးသည်။ လုပ်ငန်းကဏ္ဍအချို့ ကို သီးသန့်အခွင့်အရေးပေးမည့်အစား စက်မှုလုပ် ငန်းမူဝါဒသစ်သည် တီထွင်ဆန်းသစ်မှု တိုးတက် မြင့်မားလာစေရေး၊ ပညာရေးအဆင့် မြှင့်တင်ရေး နှင့် လေ့ကျင်သင်ကြားပေးရေး နည်းလမ်းများဖြင့် ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုတိုးတက်ကောင်းမွန်လာစေရန် စက်မှုကဏ္ဍ အားလုံးအတွက် ဆောင်ရွက်သင့် သည်ဟု ဝေဖန်ထောက်ပြကြသည်။ ဘရာဇီးလ် စက်မှုလုပ်ငန်းရှင်များက တရုတ်နိုင်ငံနှင့် အခြား ပြိုင်ဘက်နိုင်ငံများကို ခွဲခြားရှုမြင်ကြသည်။ "စွမ်း ဆောင်ရည်ရှိတာကို မလိုလားတဲ့သဘောနဲ့ ကိုယ် ကျိုးကာကွယ်တာမျိုးကို မလုပ်သင့်ဘူးလို့ ကျွန် တော်တို့ ယုံကြည်ထားတာပါပဲ။ သို့ပေမဲ့ တရုတ် နိုင်ငံဟာ မျှတမှုရှိတဲ့ ကုန်သွယ်ဖက်လို့တော့ မဆို နိုင်ပါဘူး" ဟု ဆာပါလိုမြို့တော် စက်မှုလုပ်ငန်း များအသင်း (FIESP)မှ ရိုဘာတိုဂျီအန်နက်တီက ဆိုသည်။ ပြည်ပမှတင်သွင်းသည့် မော်တော်ယာဉ် များအပေါ် အခွန်တိုးမြှင့်စည်းကြပ်ခြင်းကို မလို လားသော်လည်း တရုတ်တို့က စီးပွားရေးကျဆင်း နေသည့် ဥရောပဈေးကွက်သို့ တင်ပို့ရောင်းချမည့် ပို့ကုန်များကို ဘရာဇီးလ်နိုင်ငံသို့ လမ်းကြောင်း ပြောင်းပို့ပြီး၊ လျှော့ဈေးဖြင့် ဈေးကွက်ဝင်လုခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာ ဘရာဇီးလ်ကုန်ထုတ် လုပ်ငန်းရှင်များက တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ သည့် ပို့ကုန်များကတော့ တရုတ်နိုင်ငံ၏ သွင်းကုန် ခွန်မဟုတ်သော ကုန်သွယ်မှု အတားအဆီးများ (Non-tariff barriers) ကို အကြီးအကျယ် ရင်ဆိုင်နေကြရသည်ဟု သူက သုံးသပ်သည်။ ဘရာဇီးလ်နိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုမှာ ၂၀၀၉ ခုနှစ်အထိ ဒေါ်လာသန်း ၅၀၀ ခန့်သာရှိခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်တွင် ဒေါ်လာ ၁၃ ဘီလီယံခန့်ရှိလာသဖြင့် ဘရာဇီးလ် တွင် တစ်နိုင်ငံတည်းက အများဆုံးရင်းနှီးမြှုပ်နှံ သည့်နိုင်ငံဖြစ်နေသည်။ ထိုအထဲတွင် ရေနံလုပ် ငန်း နှစ်ခုနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း တစ်ခုပါဝင်သော ကုမ္ပဏီသုံးခုကို ဝယ်ယူရင်းနှီး မြှုပ်နှံသည့်တန်ဖိုးသည်ပင် ဒေါ်လာ ၁၁ ဘီလီယံ ကျော်ရှိနေသည်။ သို့တိုင်အောင် တရုတ်ကုမ္ပဏီ များက ဘရာဇီးလ်နိုင်ငံတွင် ကုန်ထုတ်လုပ်မည့် စက်ရုံများလည်း စတင်ဆောက်လုပ်လျက်ရှိသည်။စက်မှုလုပ်ငန်းများက အခွန်နှုန်းလျော့နည်း သက်သာ၍ စွမ်းအင်ဈေးချိုချို၊ ပို့ဆောင်ဆက် သွယ်ရေးကွန်ရက် ပိုမိုကောင်းမွန်၊ ဗျူရိုကရေစီ နည်းနည်းဖြစ်စေလိုကြသည်ဟု FIESP အသင်း ဥက္ကဋ္ဌကဆိုသည်။ စက်မှုလုပ်ငန်းများ၏ လိုလား ချက်အပေါ် အစိုးရက ဖြည့်ဆည်းဆောင်ရွက်နိုင် မှုမှာ နှေးကွေးလျက်ရှိသည်။ ကိုယ်ကျိုးစီးပွား ကာ ကွယ်ရေးကို နေရာကွက်ပြီးလုပ်နေခြင်းဖြင့် နိုင်ငံ အတွင်း ကုန်ဈေးနှုန်းများ မြင့်တက်စေရုံသာမက စီးပွားရေးလုပ်ငန်းများသို့ လွဲမှားသော သတင်း အချက်အလက်များ ပေးပို့ရာရောက်စေနိုင်သည်။ လက်တင်အမေရိကဒေသအတွင်း တရုတ်နိုင်ငံ နှင့် ကုန်သွယ်မှု တိုးပွားလာသည်နှင့်အမျှ ဒေသ အတွင်းရှိ ကုန်ထုတ်လုပ်ငန်းများကို ထိခိုက်နစ်နာ စေမည်သာဖြစ်သည်။ သို့ဖြစ်ရာ ဘရာဇီးလ်နိုင်ငံ အနေဖြင့် ဒေသတွင်းနိုင်ငံများအကြား ကုန်သွယ် မှုအတားအဆီးများကို ဦးဆောင်လျှော့ချခြင်းဖြင့် တရုတ်နိုင်ငံ၏ စိန်ခေါ်ခြိမ်းခြောက်မှုကို အခွင့် အလမ်းအဖြစ် ပြောင်းလဲပစ်ရမည်ဟု ဆိုပါသည်။Ref; The Economist
