Main menu

Background

ဆန်စပါးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားသူများ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းနဲ့ ဆွေးနွေးလာမှုများလာ

Mon, 03/05/2012 - 08:42 -- Anonymous (not verified)

ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှု အရေး ကြီးလာတာနဲ့အမျှ  နိုင်ငံအများစုက ပြည်တွင်းထုတ်လုပ်မှု  တိုးတက်အောင် ဆောင်ရွက်ရုံသာမက ပြည်ပနိုင်ငံများ မှာ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ဖို့လည်း ကြိုးစားလာကြပါတယ်။  မြန်မာနိုင်ငံ အနေနဲ့ လယ်ယာစိုက်ပျိုးရေး အဓိက လုပ်ကိုင်သလို  ရေခံမြေခံကောင်းများ ရှိတဲ့အပြင် နိုင်ငံတော်အစိုးရသစ်လက် ထက်မှာ  ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိတာကြောင့်   ပြည်ပ နိုင်ငံတော်တော်များများက  စိတ်ဝင် တစားလာရောက်  လေ့လာဆွေးနွေး လျက်ရှိပါတယ်။ဒါကြောင့်လည်း   ထိုင်းနိုင်ငံမှာ  ဆန်တင်ပို့မှု  အကြီးဆုံးကုမ္ပဏီဖြစ်တဲ့ Asia Golden Rice   ကုမ္ပဏီနဲ့ ဂျပန် နိုင်ငံ Sojitz  Corporation တို့မှဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ၊ အကြံပေးပုဂ္ဂိုလ်များဟာ ဖေဖော်ဝါရီ ၂၉ ရက်မှာ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦး ဆောင်တဲ့ ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင်များနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရ ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ မြန်မာ  နိုင်ငံ ဆန်စပါးစိုက်ပျိုးမှု၊ ကုန်သွယ်မှု အပြင် ဆန်စပါးကြိတ်ခွဲမှုကဏ္ဍ၊ ကုန် တင်ပို့မှုကဏ္ဍများမှာ ရင်းနှီးမြှုပ်နှံနိုင် မယ့် အခွင့်အလမ်းများနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းအသင်းမှ သတင်းရရှိပါတယ်။ဒါ့အပြင် ဖေဖော်ဝါရီ ၂၀ ရက်မှာ လည်း ထိုင်းနိုင်ငံဆန်စပါးဌာန ခေါင်း ဆောင်တဲ့အဖွဲ့ကလည်းကောင်း၊ ယခု တစ်ပတ်အတွင်းမှာလည်း  ထိုင်းဆန် တင်ပို့သူများအသင်းရဲ့ ယခင်ဥက္ကဋ္ဌ ဟောင်း ခေါင်းဆောင်တဲ့အဖွဲ့မှလည်း ကောင်း၊ ဖေဖော်ဝါရီ ၂၆ ရက်မှာလည်း အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးခေါင်း ဆောင်တဲ့ အဖွဲ့မှလည်းကောင်း၊ မြန်မာ နိုင်ငံမှာ စိုက်ပျိုးရေးဆိုင်ရာ ရင်းနှီးမြှုပ် နှံဖို့နဲ့ ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးတို့မှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတို့ကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။               လမင်း