ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ စီစဉ်မှုဖြင့် မြန်မာ့လူစွမ်းအား အရင်းအမြစ်စီမံခန့်ခွဲမှုပညာသင်တန်း ကျောင်း (MHR) နှင့် မြန်မာသီဟ ကုမ္ပဏီတို့ ပူးပေါင်း ဖွင့်လှစ်သည့် ပြည်သူ့ ဆက်ဆံရေး သင်တန်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၈ နာရီတွင် လှိုင်မြို့နယ်ရှိ Myanmar Info-Tech ၌ ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြား ခဲ့ပါတယ်။ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာမှာ နိုင်ငံတော်အနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဘက် စုံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ကြိုးပမ်းလျက်ရှိပြီး ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုကို အားသွန်ခွန်စိုက် ကြိုး ပမ်းအားထုတ်နေချိန်မှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဌာနပေါင်းစုံမှ အရာထမ်းများကို Óဏ်သစ်လောင်း တဲ့အနေနဲ့ ကမ္ဘာ့ခေတ်မီ စီးပွားရေး စီမံခန့်ခွဲမှုပညာရပ်တစ်ခုကို အားဖြည့် ပေးနိုင်တဲ့ နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ရုပ်ဒြပ် စွမ်းရည်မှန်သမျှဟာ အကန့် အသတ် (Limited) နှင့်သာ တည်ရှိကြ ပြီး လူ့စွမ်းအားအရင်းအမြစ် (Human Resource Capability) ကတော့ အကန့်အသတ်မရှိ ဖြစ်ပါကြောင်း၊ ဒီက နေ့ဖွင့်လှစ်တဲ့ သင်တန်းဟာ ရန်ကုန် တိုင်းဒေသကြီးရဲ့ လူ့စွမ်းအားအရင်း အမြစ်ကို တိုးမြှင့်စေပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်မှုအတွက် ရေရှည်မောင်းနှင် အား တစ်ခုလည်းဖြစ်ပါကြောင်း၊ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့ ပညာ ရပ်တွေ၊ ဘာသာရပ်တွေ များစွာထဲမှာ လက်ရှိအချိန်အခါနဲ့ကိုက်ညီစွာ လိုအပ် လာတဲ့ ပြည်သူ့ဆက်ဆံရေး (Public Relations) ပညာရပ်ကို သင်တန်းဖွင့် လှစ်နိုင်တဲ့အတွက် ထူးခြားတဲ့နေ့တစ် နေ့ ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ နိုင်ငံ တော်အဖြစ်သို့ ရှေ့ရှုလျက်ရှိတာမို့ ယခင်ကထက်ပိုမိုပွင့်လင်းတဲ့ နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍသစ်တစ်ရပ်သို့ ရောက်ရှိလာတော့မှာဖြစ်ပြီး နိုင်ငံ တကာနဲ့ ပြည်သူလူထုအကြား ဆက် ဆံရတဲ့အခါမှာသော် လည်းကောင်း၊ အစိုးရ အဖွဲ့အစည်းများနဲ့ သတင်းမီဒီ ယာများအကြား ဆက်ဆံတဲ့အခါမှာ သော်လည်းကောင်း၊ ပြည်သူ့ဆက်ဆံ ရေး (Public Relations) ဟာ အရေး ပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် ရောက် ရှိလာပြီဖြစ်ကြောင်း ထည့်သွင်းမိန့်ကြား ခဲ့ပါတယ်။ ဆက်လက်မိန့်ကြားရာမှာ သက် ဆိုင်ရာနယ်ပယ်အသီးသီးမှာ တာဝန် ယူဆောင်ရွက်လျက်ရှိတဲ့ ဌာနဆိုင်ရာ အရာထမ်းများဟာ (၂၁) ရာစုနှစ်ရဲ့ ပြည်သူ့ဆက်ဆံရေး နယ်ပယ်မှာ လို အပ်တဲ့ဗျူဟာတွေ နည်းပရိယာယ်တွေ၊ အတတ်ပညာနဲ့ နည်းပညာတွေကို ခေတ်နှင့်အမီ သိရှိနားလည်ကျင့်သုံး နိုင်မှသာလျှင် နိုင်ငံတကာနဲ့ ရင်ဘောင် တန်းပြီး မိမိနိုင်ငံ၊ မိမိတိုင်း ဒေသကြီး၊ မိမိရုံးဌာနအဖွဲ့အစည်းတို့ရဲ့တိုးတက်ရာ တိုးတက်ကြောင်းကို ထိရောက်အောင် ဆက်ဆံလုပ်ကိုင်နိုင်မှာဖြစ်သလို တစ် ဖက်တွင်လည်း ကျရောက်လာနိုင်တဲ့ သတင်းအမှား အန္တရာယ်တွေကို အချိန် မီကြိုတင်သိရှိတုံ့ပြန် ကာကွယ်နိုင်မှာ ဖြစ်ပါကြောင်း၊ ဒီသင်တန်းဟာ အသိ ဉာဏ်ပညာအခြေပြု လူအဖွဲ့အစည်း (Knowledge based Society) တစ်ခုဖြစ်ပေါ်လာဖို့ မရှိမဖြစ်လိုအပ်တဲ့ အခြေခံတစ်ရပ်ဖြစ်တဲ့ စဉ်ဆက်မပြတ် သင်ယူလေ့လာခြင်းရဲ့ ပထမခြေလှမ်း တစ်လှမ်းဖြစ်ကြောင်း မိန့်ကြားခဲ့ပါ တယ်။ အဆိုပါသင်တန်းနဲ့အလုပ်ရုံဆွေး နွေးပွဲမှာ ဂုဏ်ထူးဆောင်ဆရာမကြီး ဒေါ်လှမြင့်မှ “Introduction of Pulic Relations’’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်မှ Working with the Media”ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းမှ “Top Ten Characteristics of a Good Answer” ခေါင်း စဉ်ဖြင့်လည်းကောင်း၊ MHR ကျောင်း အုပ်ကြီးဦးအေးကျော်မှ “Skill and Duties of public Relations Officer”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာဘလော့ဂါ တစ်ဦးဖြစ်သူ ဒေါ်တင်မြတ်ထက်မှ “Using Social Media”ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဟောပြောပို့ချခဲ့ကြပြီး သင်တန်းသားများလဲ “Group Discussion and Presentation” အစီအစဉ်လည်းပါဝင်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးဌာန ဆိုင်ရာ အသီးသီးမှ အရာရှိ သင်တန်းသား(၈၁)ဦး တက် ရောက်ခဲ့ပါတယ်။ မြန်မာသီဟကုမ္ပဏီရဲ့ ပံ့ပိုးမှုနဲ့ မြန်မာ့လူစွမ်းအား အရင်းအမြစ်စီမံ ခန့်ခွဲမှုပညာသင်တန်းကျောင်း (MHR) တို့ ပူးပေါင်းဖွင့်လှစ်တဲ့ ပြည်သူ့ဆက်ဆံ ရေးသင်တန်းနဲ့ အလုပ်ရုံဆွေးနွေးပွဲဟာ ရန်ကုန်တိုင်းဒေသကြီးမှာ ဦးစွာကျင်းပ ခဲ့တာဖြစ်ပြီး ကျန်ပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေမှာလည်း ဖွင့်လှစ်ပေး သွားဖို့ရှိကြောင်း သိရှိရတယ်။ကျော်ငွေ၊ အောင်စိုးမိုး (YGN)
Background