နေရောင်ခြည်စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ခြင်း၊ ထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်းပို့ချခြင်း

New Energy and Industrial Development Organization (NEDO) မှ ဦးဆောင်ကျင်းပသည့် နေရောင်ခြည်စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ခြင်း၊ ထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ Hotel Yangon  ၌ ဖေဖော်ဝါရီ ၂၃ရက် နံနက် ၉ နာရီတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ  အခမ်းအနားတွင်  NEDO မှ Representative Mr. Kawamuda မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ ပါသည်။ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့်  စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးဉာဏ်ထွန်းဦးမှ သင်တန်းဖွင့်လှစ်သည့် အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ သင်တန်းသို့ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီး ဌာန၊ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း၊ စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း)တို့မှ သင်တန်းသူ၊ သင်တန်းသား ၆၀ ခန့်တက်ရောက်ပါသည်။ အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၂၃ရက် မှ ၂၄ရက်အထိ နှစ်ရက်ကြာဖွင့်လှစ်ခဲ့ ပါသည်။အဆိုပါသင်တန်းတွင် ဒေါက်တာအောင်ဇေယျမှ PV Hybrid Mini-grid System, NEDO’s Demonstrative Research Project in Myanmar ၊ ဒေါက်တာလှမျိုးအောင်မှ Wind Power System, Model Plan ၊ ဦးစိုးမိုးမှ Photovoltaic Power System၊ ဦးမင်းလွင်မှ Micro-hydro Power System ၊ ဒေါ်လဲ့ယဉ်ဝင်းမှ Biomass Power System  သင်ခန်းစာများကို ပို့ချခဲ့ပါသည်။ ပြင်ပလေ့လာရေးအဖြစ်Earth Solar Company  သို့ သွားရောက်ပြီး  3 KW Solar Home System and Others regarding to PV Generating System   များကိုလေ့လာခဲ့ကြသည်ဟု သိရှိရသည်။ PTAC-2