Main menu

Background

India Engineering Sourcing Show 2012

Mon, 03/05/2012 - 09:45 -- Anonymous (not verified)

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် ၂၀၁၂ ခုနှစ် မတ် ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပပြုလုပ်မည့်  India Engineering Sourcing Show 2012  ပြပွဲသို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်ရန် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသံရုံးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနသို့ ဖိတ်ကြားလာပါသည်။ ပြပွဲသို့ အိန္ဒိယနိုင်ငံရှိ ကုမ္ပဏီပေါင်း ၂၅၀ ကျော်မှ စက်မှုထွက်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို ပါဝင်ပြသကြမည်ဖြစ်၍ မြန်မာနိုင်ငံမှ သွားရောက်ပြသပါက အိန္ဒိယနိုင်ငံမှ စီးပွားရေး လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်ကိုယ်စားလှယ်များနှင့်  လည်းကောင်း၊ နိုင်ငံတကာမှ  အကျိုးတူ လုပ်ငန်းရှင်များနှင့် လည်းကောင်း တွေ့ဆုံနိုင်သည့်အခွင့်အရေး ရရှိမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ  သွားရောက်မည့် ကိုယ်စားလှယ်များအတွက် တည်းခိုနေထိုင်ရန် ဟိုတယ်အား အခမဲ့စီစဉ်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။  ပြပွဲနှင့်ပတ်သက်၍  အသေးစိတ်သိရှိလိုပါက website:http://iesshow.in/Delegate- RegForm.aspxied@eepcindia.net, eepcto@ eepcinda.net  သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ပြပွဲတက်ရောက်လိုပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်မှတစ်ဆင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြား မှုဦးစီးဌာန၊ ဖုန်းအမှတ်၊ ၀၆၇-၄၀၈၄၁၁ နှင့် ဖက်စ်နံပါတ်- ၀၆၇-၄၀၈၃၁၁ သို့ ဆက်သွယ်ဆောင် ရွက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။              HKT