Main menu

Background

ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆွေးနွေး

Mon, 03/05/2012 - 09:48 -- Anonymous (not verified)

ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေး၊ အရောင်းအဝယ်များ  အဆင်ပြေစေရေးအတွက် အခွန်များလျှော့ ပေါ့ပေးခဲ့ပြီး အဘက်ဘက်မှ အားပေးဆောင်ရွက်နေချိန်မှာ ပြည် တွင်း အရောင်းအဝယ်လုပ်ငန်းများဖြစ်တဲ့ ရွှေရောင်းဝယ်ခြင်းလုပ် ငန်း၊ ပဲအမျိုးမျိုး၊ ဆန်၊ ပြောင်း၊ ဆား အစရှိတဲ့ ရောင်းဝယ်မှုလုပ် ငန်းများမှာ ငွေ/ပစ္စည်းတို့ကို လက်ငင်းပေးချေခြင်းမပြုဘဲ လေပတ် ကား ရောင်းဝယ်မှုများပြုလုပ်နေကြလို့ ငွေပေးငွေယူကိစ္စများ၊ ကတိ တည်ကြည်မှုကိစ္စများနဲ့ အခြားမှုခင်းကိစ္စများ၊ နိုင်ငံတော် ကုန်စည်စီး ဆင်းမှု၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ငွေတန်ဖိုးထိန်းသိမ်း ခြင်းတို့ကို အနှောင့်အယှက်ဖြစ်ပေါ်နိုင်ကြောင်း၊ ထိုသို့ပြည်သူများရဲ့ အကျိုးစီး ပွားများ နစ်နာဆုံးရှုံးမှုမဖြစ်စေဖို့ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး၊ မွန်ပြည်နယ်မန်နေဂျာ ဦးတင့်ဆန်း ဦးဆောင်ပြီး၊ ပြည်နယ်မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ ပြည်နယ် မြန်မာ့နှစ်ရှည်ပင် လုပ်ငန်းတို့မှ တာဝန်ရှိသူများက မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များမှာ ကွင်းဆင်းဆွေးနွေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ တယ်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က သထုံမြို့ "သုဝဏ္ဏ" ခန်းမမှာခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ လုပ်ငန်းပေါင်းစုံမှ လုပ်ငန်း ရှင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ် ချုပ်ရေးမှူးများနဲ့ မြို့လူထု ၃၅၀ ခန့်အား အသိပညာပေး ဆွေးနွေး ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ဆန်စပါးသီးနှံ အထွက်တိုးရေး၊ အရည်အသွေးမြှင့်သီးနှံများ ထုတ်လုပ်ရေးကိုလည်း ကောင်း၊ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းမှ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကိုလည်းကောင်း၊ မြန်မာ့လယ်ယာထွက် ကုန်ပစ္စည်း ရောင်းဝယ်ရေး၊ ပြည်နယ်မန်နေဂျာမှ လေပတ်ကား ရောင်းဝယ်မှု မပြုလုပ်ရေး၊ ကုန်သွယ်မှု လျင်မြန်စွာချောမွေ့စေရေး အတွက် ဆောင်ရွက်နေမှုများ၊ ကုန်သွယ်မှုအခက်အခဲများ ဖြေလျှော့ ပေးနေမှုများ၊ ကုန်စည်ဒိုင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ အထူးပြု ကုမ္ပဏီများ ဆောင်ရွက်နေမှုများ၊ အရန်ဆန်ဝယ်ယူရေး လုပ်ငန်း ဆောင်ရွက်နေတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ချက်များကို လည်း ကောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။ အလားတူ ဆွေးနွေးပွဲများကို မွန်ပြည်နယ်ချောင်းဆုံ၊ မုဒုံနဲ့ ပေါင်မြို့နယ်များမှာ ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်းနဲ့ ကျန်ခြောက်မြို့နယ် မှာလည်း ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိ ရပါတယ်။                                   ငြိမ်းမြတ်ကျော်