တိုက်ကြီးမြို့နယ်၌ ချေးငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊  ရန်ကုန် မြောက်ပိုင်းခရိုင်၊  တိုက်ကြီးမြို့နယ်၏ ကျေးလက်ဒေသ အသေးစားကုန်ထုတ် လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု  လျှော့ချရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်    ဆောင်ရွက် နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ချေးငွေပေးအပ်ပွဲအခမ်း အနားကို ဖေဖော်ဝါရီ ၂၈ရက်တွင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့ပါတယ်။ယင်းအခမ်းအနားမှာ အသေးစား ကုန်ထုတ်လုပ်ငန်းရှင်များ    ဖြစ်တဲ့ အင်္ဂလားလေးရပ်ကွက်၊ အင်္ဂလားလေး ကျေးရွာ အစုအဖွဲ့  လေးဖွဲ့မှ ဦးရေ ၁၇ ဦး၊ ဂျိုးဖြူကျေးရွာအုပ်စု၊ ကြိုးကြာ ကွင်းကျေးရွာမှ အစုအဖွဲ့ သုံးဖွဲ့မှ ဦး ရေ ၁၂ ဦးတို့မှ အစုထည့်ဝင်ငွေ ၂၉ သိန်းထည့်ဝင်ပြီး တိုင်းဒေသကြီးအသေး စားပုဂ္ဂလိက  ငွေစုငွေချေးလုပ်ငန်းအဖွဲ့ မှ ချေးငွေ ၅၈ သိန်းကို ဝါးဖတ်ခမောက် လုပ်ငန်း လုပ်ကိုင်ကြတဲ့ ကျေးရွာ နှစ် ရွာမှ လုပ်ငန်းရှင် ၂၉ ဦးကိုယ်စား အစု အဖွဲ့ခေါင်းဆောင်များသို့ တိုင်းဒေသ ကြီး  စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ကိုယ်စား မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးနှင့် လယ်ယာထွက်ကုန်မြို့နယ် တာဝန်ခံတို့မှ ပေးအပ်ခဲ့ကြောင်း သိရှိ ရပါတယ်။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ အစီအစဉ်ဖြင့် ချေးငွေရရှိတဲ့ကျေး လက်ဒေသ  အသေးစားကုန်ထုတ်လုပ် ငန်းရှင်များက ယခင်က အတိုးနှုန်းမြင့် မားစွာဖြင့် မိမိတို့လုပ်ငန်း  လည်ပတ် နိုင်ရေးလုပ်ကိုင်နေကြရပြီး  ယခုအခါ အတိုးနှုန်းသက်သာစွာဖြင့် လုပ်ကိုင်နိုင် ကြပြီဖြစ်လို့ ကျေးလက်ဒေသ အသေး စားကုန်ထုတ်လုပ်ငန်းများဟာ ပိုမိုတိုး တက်    အောင်မြင်လာတော့မှာ ဖြစ် ပါတယ်။                 ဥမ္မာမြတ်