မုံရွာစက်မှုဇုန်တွင် Digital Colour Sorter အဆင့်မြင့်ဆန်ရွေးစက်ဖြင့် သန့်စင်ဆန်များ သုံးစွဲဆောင်ရွက်နေ
ယခုအခါ မြန်မာနိုင်ငံမှာ ဆန်စပါး ရောင်းဝယ်စီးဆင်းမှုကို ဈေးကွက်စီးပွား ရေးနဲ့အညီ လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကား ခွင့်ပြုလျက်ရှိတာဖြစ်လို့ ဆန်စပါးစိုက်ပျိုးထုတ်လုပ် ကြိတ်ခွဲတင် ပို့ရောင်းချသူများအနေနဲ့ကဏ္ဍအလိုက် မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုးပြီး၊ အရည်အသွေးမြင့်ဆန်များ ကြိတ်ခွဲ ထုတ်လုပ်ခြင်းဖြင့် ဆန်စပါးလုပ်ငန်းကို မြင့်မားအောင်ဆောင်ရွက်ချိန် ရောက် ရှိနေပြီဖြစ်ပါတယ်။ဆန်ဈေးကွက် တည်ငြိမ်မြင့်မားဖို့ စိုက်ပျိုး ထုတ်လုပ်တဲ့စပါးများ မျိုး ကောင်းမျိုးသန့်ဖြစ်ဖို့လိုအပ်သလို ပြည် တွင်း ပြည်ပသတ်မှတ်စံညွှန်းနဲ့အညီ ကြိတ်ခွဲထုတ်လုပ်ဖို့ အဆင့်မြင့်ကြိတ်ခွဲ စက်များလည်း ခေတ်နဲ့အညီ လိုအပ် လာပါတယ်။ မြန်မာ့ဆန်များ ပြည်ပ တင်ပို့ရာမှာ ကမ္ဘာ့စံချိန်စံညွှန်းနဲ့အညီ ထုတ်လုပ်နိုင်ဖို့ နိုင်ငံတော်အကြီးအကဲ များမှ အားပေးလမ်းညွှန်ချက်အရ ယနေ့နိုင်ငံနဲ့တစ်ဝန်း စက်ပိုင်းဆိုင်ရာ အရည်အသွေးများ တိုးမြှင့်လာခဲ့ကြရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစက်မှုဇုန် ပိတောက်လမ်းရှိ ဦးတင်စိုးကြွယ်- ဒေါ်ကြူကြူသောင်းတို့က Ditital Colour Sorter အဆင့်ဖြင့် ဆန်ရွေး စက်ကို တရုတ်နည်းပညာနဲ့ တပ်ဆင် တည်ဆောက်ခဲ့ရာ ၂၀၁၂ ဇန်နဝါရီလ ကုန်ကစပြီး စတင်လည်ပတ်နေပြီလို့ သိရပါတယ်။အဆိုပါစက်ရဲ့ ကုန်ကျစရိတ်အနေ နဲ့ စက်နဲ့တပ်ဆင်ခအပါအဝင် ကျပ် သိန်း ၂၁၀ ခန့်ရှိပြီး၊ နောက်ဆုံးပေါ် Digital Camera စနစ်နဲ့ ဆန်ရွေးချယ် ပေးကာ တစ်နာရီကို ဆန်ညံ့ပါက ၃ တန်၊ ဆန်ကောင်းပါက ၅ တန် ရွေး ချယ်သန့်စင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ လောလောဆယ် သန့်စင်ခအနေနဲ့ ဆန်တစ်တင်းခွဲဝင် အိတ်တစ်အိတ် ၄၀၀ ကျပ်နှုန်းနဲ့ ၂၄ နာရီပတ်လုံး ဝန် ဆောင်မှုရှိတယ်လို့ စက်ပိုင်ရှင်က ပြော ပါတယ်။ မုံရွာခရိုင်အနေနဲ့ ဆန်စပါး အဓိကစိုက်ပျိုးရာ ဒေသမဟုတ်ပေမယ့် အရာတော်မြို့နယ် ဥသျှစ်ကျေး ကျေး ရွာက ဧရာမင်း၊ ပုလဲမြို့နယ်က လုံး သွယ်မွှေးနဲ့ ရွှေဘိုနယ်က ပေါ်ဆန်း ဘေးကြားစတဲ့ ဈေးကွက်ဝင်ဆန်တွေ လာရောက်ကြိတ်ခွဲသန့်စင်လျက်ရှိတယ် လို့သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ဟာ ဆန်ပိုဒေသဖြစ်လို့ ပြည်တွင်းဆန် လိုဒေသတွေကို ဖြန့်ဖြူးရုံသာမက တိုင်း ဒေသကြီးရဲ့ဝင်ငွေကို ဖြည့်ဆည်းဖို့ ပြည်ပကိုလည်း ဆန်တင်ပို့လျက်ရှိရာ ယခုလို အဆင့်မြင့်စက်ကြီးများ တည် ဆောက်ခြင်းဖြင့် ဆန်အရည်အသွေး မြင့်မားကာ ပြည်တွင်းပြည်ပဈေးကွက် အတွင်း ယခင်ကထက် တိုးတက်စီးဆင်း နိုင်မှာဖြစ်ပါကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။ ထွန်းလှိုင်
