အိတ်စပို့နဲ့ ရန်ကုန်ပဲ လက်လီအဆွဲကြောင့် မြေထောက်ပဲဈေး မြောက်လာ
မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီလ ကုန်ပတ် ပဲဈေးကွက်မှာ Exportခ နဲ့ ရန်ကုန်ပဲ လက်လီအဝယ်အော်ဒါတွေ ကြောင့် မြေထောက်ပဲဈေး မြောက်လာ ခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း လဆန်းပိုင်း က တစ်တင်း ၁၂၀၀၀ ကျပ်နဲ့သာ ဈေး ဖွင့်ခဲ့တဲ့ မြေထောက်ပဲဟာ လကုန်ပတ် မှာ တစ်တင်း ၁၈၈၀၀ ကျပ်ထိ အမြင့် ဆုံး ခုန်တက်လာခဲ့ပါတယ်။ ဈေးကွက် ထဲမှာ ရန်ကုန်ဝယ်လက်ဆွဲသံကြားရင် ဒေသခံကုန်သည်တွေ ပဲဝယ်စုကြတဲ့ အတွက်ရယ်၊ တမူးနဲ့ ဟုမ္မလင်းဘက်က ပဲအဝင် မလှိုင်သေးတာရယ်ကြောင့် ခုလို ဈေးမြောက်လာရခြင်းဖြစ်တယ်လို့ ကုန်သည်တွေကဆိုပါတယ်။ အရောင်း အဝယ်အားဖြင့် ယခုတစ်ပတ်အတွင်း တင်း ၃၀၀၀ ခန့်ရှိတယ်လို့ ကုန်စည် ဒိုင်ရပ်ကွက်က ကြားသိရပါတယ်။ထွန်းလှိုင်
