ဆီစက်နှင့် ကုန်သည်များ အဝယ်ရှိလို့ နှမ်းဈေးမြင့်
ပြည်မြို့ရှိ ပွဲရုံများကို မင်းတုန်းနဲ့ ပေါက်ခေါင်းဘက်မှ မိုးနှမ်း(အဟောင်း)များ တစ်နေ့ကို အိတ် ၇၀၀ ခန့်ဝင်ရောက်လာပြီး ဆီစက်သမားများမှ ဆီကြိတ်နှမ်းနီ များကို အဝယ်ရှိခြင်း၊ မိုးနှမ်းနက်များကို ရန်ကုန်၊ မန္တလေး ဝယ်လက်များက အဝယ်ရှိခြင်းကြောင့် ဈေးမှာ ယခင်အပတ်နဲ့ယှဉ်ရင် ဈေးမြင့်လာတာ တွေ့ရပါ တယ်။ နှမ်းနီ ၄၅ ပိဿာ တစ်အိတ် ၆၇၀၀၀ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာတစ်အိတ် ၇၅၀၀၀ ကျပ်ဈေးနဲ့ တစ်နေ့ နှမ်းအိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်တာ တွေ့ ရပါတယ်။ ဝေေ၀မင်း
