Main menu

Background

တစ်ပတ်အတွင်း သတင်းတိုများ

Mon, 03/05/2012 - 10:16 -- Anonymous (not verified)

-    မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများနှင့် ခြေစမ်းပွဲများလာရောက်ကစား ခဲ့သည့် ထိုင်းပရီးမီးယားလိဂ်မှ တယ်ရိုဆက်ဆနာအသင်း၏ကြံ့ခိုင်ရေးနည်းပြ မာကိုက မြန်မာထိပ်သီးကလပ်များသည် ထိုင်းလိဂ်နှင့်မလေးရှားလိဂ်တို့မှ အလယ်အလတ်အသင်းများ၏အဆင့်သာရှိကြောင်းသုံးသပ်ပြောကြားခဲ့သည်။-    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် အပျော်တမ်းလိဂ် ၂၀၁၂ ပြိုင်ပွဲကို စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာကုမ္ပဏီတစ်ခုဖြစ်သည့် New Holland မှအဓိကပံ့ပိုးကူညီသွားမည်ဖြစ်ရာပြိုင်ပွဲအမည်ကိုလည်း MFF New Holland  Amature League 2012 ဟုသတ်မှတ်ခဲ့ကြောင်း သိရသည်။-    မယ်ဆိုင်မြို့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ချင်းရိုင်ယူနိုက်တက်နှင့်ကမ္ဘောဇအ သင်းတို့၏ပွဲစဉ်သို့ ကမ္ဘောဇအသင်းမှ ပရိသတ် ၇၀၀၀ခန့်လာရောက်အားပေး ခဲ့ကြကြောင်း သိရသည်။-    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သက်တမ်းအလိုက်လူငယ်ဘောလုံးပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်နိုင်ရန်နှင့် မျိုးဆက်သစ်လူငယ်ဘောလုံးသမားများ ပေါ်ထွက် လာစေရန်ရည်ရွယ်၍ အသက် ၁၉နှစ်အောက် ပဏာမမြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအားကစားသမား(၃၀)ဦးဖြင့်ဖွဲ့စည်းလိုက်ကြောင်းသိရသည်။-    ဘရူနိုင်းနိုင်ငံတွင်သွားရောက်ယှဉ်ပြိုင်နေသည့်မြန်မာယူ-၂၁ဘောလုံးအသင်း သည် ဖိလစ်ပိုင်အသင်းအား ၈ဂိုး ၂ဂိုး၊ အင်ဒိုနီးရှားအသင်းအား  ၃ဂိုး၁ဂိုး ဖြင့် အနိုင်ရရှိခဲ့သဖြင့် ဆီမီးတက်ရန် မျှော်လင့်ချက်အားကောင်းလာကြောင်း သိရသည်။-    ရန်ကုန်ယူနိုက်တက်နည်းပြချုပ် အဲရစ်ဝီလျံက အဆုံးသတ်မှုပိုင်းအားနည်း သည့် နိုင်ငံခြားသားကစားသမားများ၏ခြေစွမ်းကို စိတ်ပျက်မိသည်ဟု စတင် ညည်းတွားသွားခဲ့သည်။-    တယ်ရိုဆက်ဆနာနည်းပြအန်ဒရောက ရန်ကုန်ယူနိုက်တက်၏လက်ရှိအခြေ အနေသည် တိုးတက်မှုရပ်တန့်နေပြီဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။