Main menu

Background

တစ်ပတ်အတွင်း သတင်းတိုများ

Mon, 03/05/2012 - 10:16 -- Anonymous (not verified)

*    အာရှ ဘောလုံးအဖွဲ့ချုပ်သည် ဘောလုံးပွဲများ၌ အမျိုးသမီးများအား ခေါင်း စည်းပဝါ ဝတ်ဆင်ကစားခွင့်ပိတ်ပင်သည့် ဖီဖာ၏စည်းမျဉ်းအား ပယ်ဖျက်ပေး ရန်အတွက် ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာထံ အရေးဆိုခဲ့ကြောင်း သိရသည်။*    ယခုနှစ်ရာသီအကုန်တွင် ချဲလ်ဆီးနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် အသင်း၏တိုက်စစ်မှူး ဒီဒီယာဒရော့ဘာသည် အသင်းနှင့်စာချုပ်သစ်ချုပ် ဆိုနိုင်ရန် ဆွေးနွေးမှုများပြုလုပ်လျက်ရှိရာ တစ်နှစ်လုပ်ခလစာ ပေါင် ၆သန်း ရရှိရန် တောင်းဆိုလျက်ရှိကြောင်း သိရသည်။*    အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက လူငယ်ကြယ်ပွင့်ကစားသမား အဲလက်စ် ချိန်ဘာလိန်အား အင်္ဂလန်အသင်းတွင် ထည့်သွင်းရွေးချယ်သွားရန် အင်္ဂလန် အသင်းယာယီနည်းပြ ပီးယာ့စ်အား တိုက်တွန်းလိုက်သည်။*    လာလီဂါချန်ပီယံဘာစီလိုနာအသင်းသည် ယခုနှစ်ရာသီအကုန်တွင် စာချုပ် သက်တမ်းကုန်ဆုံးတော့မည့် နည်းပြဂွာဒီယိုလာနှင့် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးရန်ဆန္ဒရှိနေကြောင်း သိရသည်။*    အာဆင်နယ်အသင်းမှ ဆန်းဒါးလန်းအသင်းသို့ အငှားစာချုပ်ဖြင့် သွားရောက် ကစားနေသည့် ဘန်တနာသည် ယခုနှစ်ရာသီအကုန်တွင် ရုရှားထိပ်သီးကလပ် အန်ဇီသို့ ပြောင်းရွှေ့ရန် အသင့်ဖြစ်နေကြောင်း သိရသည်။*    လီဗာပူးနောက်ခံလူ ဒန်နီရယ်အဂ္ဂါသည် ကားလင်းဖလားဗိုလ်လုပွဲတွင် ရရှိ ခဲ့သည့် နံရိုးကျိုးဒဏ်ရာကြောင့် လာမည့်အာဆင်နယ်၊ အဲဗာတန်အသင်းတို့ နှင့်ရင်ဆိုင်ရမည့်ပွဲစဉ်များအပါအဝင် စတုတ်စီးတီးအသင်းနှင့်ယှဉ်ပြိုင်ရမည့် အက်ဖ်အေဖလားပွဲစဉ်များကိုပါ လွဲချော်ရတော့မည်ဖြစ်သည်။