သီတင်းပတ်ကုန် Box Office မှာ နံပါတ် ၁ ကိုရောက်လာတဲ့ Act of Valor
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ ကုန်ဆုံးတဲ့ Box Office မှာ Relativity Media က ဖြန့်ချိတဲ့အက်ရှင်ကား Act of Valor ဇာတ်ကားက ဝင်ငွေ ဒေါ်လာ ၂၄ဒသမ ၅သန်းနဲ့နံပါတ် ၁ နေရာကိုရောက်ရှိလာပါတယ်။ တစ်ကမ္ဘာလုံးမှာဖြန့်ချိပြီး Box Office ထိပ်ဆုံးနေရာကိုရောက်ရှိလာတဲ့ကားက ဝါနာဘရားသားကဖြန့်ချိတဲ့အက်ရှင်ကား Journey2:The Mysterious Island ဖြစ်ပါတယ်။
