ဘရက်ဒလေကူးပါးက ဝါနာဘရားသားနဲ့ စာချုပ်ချုပ်
ဝါနာဘရားသားက ရိုက်ကူးတဲ့ Hangover ဇာတ်ကားနဲ့ အောင်မြင်မှုရခဲ့တဲ့ ဘရက်ဒလေကူးပါးက ရုပ်ရှင်ရိုက်ဖို့ ဝါနာဘရားသားကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ကူးပါးက Hangover အပြင် Relativity ကရိုက်ကူးတဲ့ ၂၀၁၁ ခုနှစ် ရင်သိမ့်တုန်ကား Limitless မှာလည်း အံ့သြစရာကောင်းလောက်အောင် အောင်မြင်မှုကို ရခဲ့ပါတယ်။
