100 Plus ကုမ္ပဏီသည် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်၏လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အဓိကကူညီပံ့ပိုးသူအဖြစ်ပံ့ပိုးကူညီသွား မည်ဖြစ်ကြောင်း သိရသည်။100 Plus ကုမ္ပဏီအနေဖြင့် မြန် မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်မကြာမီ ကာလတွင်စာချုပ်များချုပ်ဆိုသွားမည်ဖြစ် ပြီး ပံ့ပိုးကူညီမှုပမာဏမှာ အမေရိကန် ဒေါ်လာတစ်သိန်းဖြစ်ကြောင်းသိရသည်။ 100 Plus သည် စင်ကာပူအခြေ စိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး အားဖြည့်အချို ရည်များထုတ်လုပ်ရောင်းချလျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ယင်းကုမ္ပဏီ သည် နိုင်ငံတကာအားကစားပြိုင်ပွဲများ တွင်လည်း ပံ့ပိုးကူညီမှုများပြုလုပ်လျက် ရှိသောကုမ္ပဏီတစ်ခုဖြစ်သည်။အဆိုပါကုမ္ပဏီသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သို့ အမေရိကန်ဒေါ် လာ ၆၅၀၀၀အား ငွေသားအဖြစ် ပံ့ပိုး ကူညီမည်ဖြစ်ပြီး ကျန် ၃၅၀၀၀ တန်ဖိုး ရှိထုတ်ကုန်များကို ပြိုင်ပွဲများနှင့် လူငယ် ကစားသမားများအတွက် ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်အနေဖြင့် ယူ-၁၂ဘောလုံးပြိုင်ပွဲ တစ်ရပ်ကို ကျင်းပသွားမည်ဖြစ်ရာယင်း ပြိုင်ပွဲကို MFF 100 PLUS U-12 Cup ဟုအမည်ပေးမည်ဖြစ်ပြီး ပြိုင်ပွဲမှလူငယ် ကစားသမားများအား AFC U-13 ဘောလုံးပွဲတော်သို့ စေလွှတ်ရန်ရည် ရွယ်ထားကြောင်း သိရသည်။
Background