Main menu

Background

MNL Myanmar 2012 ၏ တစ်လတာ အကောင်းဆုံးကစားသမား ဆုကြေး ကျပ် ၁၀ သိန်း ရရှိမည်

Mon, 03/05/2012 - 10:41 -- Anonymous (not verified)

ကျင်းပလျက်ရှိသည့်မြန်မာနေရှင် နယ်လိဂ်(MNL Myanmar 2012)ပြိုင် ပွဲမှတစ်လတာအကောင်းဆုံးနည်းပြနှင့် ကစားသမားဆုများကို လာမည့်ရက်အ တွင်းတွင် အဖွဲ့ဝင်ရှစ်ဦးပါဝင်သည့် ဆု ရွေးချယ်ရေးကော်မတီမှ စိစစ်ရွေးချယ် မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဆုများကို မြန်မာနေရှင် နယ်လိဂ်၏အဓိကကူညီပံ့ပိုးသူဖြစ်သည့် မြန်မာဘရူဝါရီလီမိတက်မှဆုတံဆိပ်နှင့် ငွေသားဆုများကို ချီးမြှင့်သွားမည်ဖြစ် ကြောင်း သိရသည်။ အကောင်းဆုံး ကစားသမားဆုအတွက် ဆုကြေး ကျပ် ၁၀သိန်းနှင့် အကောင်းဆုံးနည်းပြအ တွက် ဆုကြေး ကျပ် ငါးသိန်းချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။ယခုချီးမြှင့်သည့် တစ်လတာ အ ကောင်းဆုံးဆုသည် ယခင်က တစ်ကြိမ် မျှချီးမြှင့်ခဲ့ခြင်းမရှိဘဲ ယခုနှစ်ရာသီကျမှ သာ စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။