Main menu

Background

(၁၁)ကြိမ်မြောက် အရှေ့တောင်အာရှ အာဆီယံကာယဗလတံခွန်စိုက်ပြိုင်ပွဲ ကျင်းပပြီးစီး မြန်မာအသင်း ဆုတံဆိပ် ၇ ခုဖြင့် နိုင်ငံအလိုက် ပထမရရှိခဲ့

Mon, 03/05/2012 - 10:43 -- Anonymous (not verified)

(၁၁)ကြိမ်မြောက်အရှေ့တောင်အာရှ အာဆီယံကာယဗလတံခွန်စိုက်ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ တွင်ဖေဖော်ဝါရီလ၂၅ရက်နေ့ကကျင်းပ ခဲ့ရာ မြန်မာအသင်းသည် ဆုတံဆိပ် ၇ခုရရှိခဲ့ပြီးနိုင်ငံအလိုက်ပထမနေရာတွင်  ရရှိခဲ့ကြောင်း သိရသည်။အဆိုပါပြိုင်ပွဲတွင် အာဆီယံနိုင်ငံ ခုနစ်နိုင်ငံမှ အားကစားသမားစုစုပေါင်း ၄၀ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အိမ်ရှင် မြန်မာအသင်းက ရွှေ ၃၊ ငွေ ၂၊ ကြေး ၁ စုစုပေါင်း  ဆုတံဆိပ် ၇ ခုရရှိခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲတွင် ၅၅ကီလိုတန်းမှ ၉၀ ကီလိုတန်းအထိ အတန်းရှစ်တန်းခွဲခြား ပြီးကျင်းပခဲ့သည်။ မြန်မာကာယဗလအ သင်းအတွက် ရွှေတံဆိပ်ဆုများကို ၅၅ ကီလိုတန်းတွင် ဇော်ဝမ်း၊ ၆၀ကီလိုတန်း တွင် ထွန်းမင်း၊ ၉၀ကီလိုတန်းတွင် အောင်ဆွေနိုင်တို့က ရယူပေးခဲ့သည်။မြန်မာအသင်းအတွက် ငွေတံဆိပ် ဆုများကို ၅၅ကီလိုတန်းနှင့် ၆၅ကီလို တန်းတွင်လည်းကောင်း၊ ကြေးတံဆိပ် ဆုများကို ၇၀ကီလိုတန်းနှင့် ၉၀ကီလို တန်းတွင်လည်းကောင်း ရယူပေးခဲ့ကြ သည်။မလေးရှားအသင်းက ရွှေနှစ်ခု၊ ငွေတစ်ခု၊ အင်ဒိုနီးရှားအသင်းက ရွှေ တစ်ခု၊ ငွေသုံးခု၊ ထိုင်းအသင်းက ရွှေ တစ်ခု၊ ငွေလေးခု၊ စင်ကာပူအသင်းက ရွှေတစ်ခု၊ ကြေးလေးခု၊ ဗီယက်နမ်က ငွေနှစ်ခု၊ ကြေးတစ်ခုတို့ရရှိခဲ့ကြသည်။အတန်းရှစ်တန်းတွင် ပထမရရှိသူ များအား ယှဉ်ပြိုင်စေသည့်ပြိုင်ပွဲတွင်မူ ၈၀ကီလိုတန်းတွင် ဗိုလ်စွဲခဲ့သည့်မလေး ရှားအသင်းမှ Abdul Mutalib Md Isa  ကပထမရရှိခဲ့ပြီးဆုကြေးငွေအမေရိကန် ဒေါ်လာတစ်ထောင်ရရှိခဲ့သည်။အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်မြန်မာ အသင်းသည် အတန်းတစ်တန်းတွင် ကစားသမားနှစ်ဦးစီဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ စုစုပေါင်း ၁၆ဦးရှိပြီး ပြိုင်ပွဲဝင်ဦး ရေအများဆုံးအသင်းဖြစ်ကြောင်း သိရ သည်။ထို့ပြင် ၎င်းင်းပြိုင်ပွဲသည်မြန်မာနိုင်ငံ က အိမ်ရှင်အဖြစ် ၂၀၁၃ခုနှစ်၌ လက်ခံ ကျင်းပမည့်(၂၇)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့ကာ ယဗလအားကစားသမားများအောင်ပွဲ ခံနိုင်စေရန်အတွက် နိုင်ငံတကာအတွေ့ အကြုံရရှိစေရန်ရည်ရွယ်၍ကျင်းပသည့် ပြိုင်ပွဲလည်း ဖြစ်ကြောင်း သိရသည်။