Main menu

Background

ချင်းရိုင်ယူနိုက်တက်အား အနိုင်ယူ၍ ကမ္ဘောဇအသင်း ဆုဖလား ရယူနိုင်ခဲ့

Mon, 03/05/2012 - 10:44 -- Anonymous (not verified)

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုမြှင့်တင်ရေးအစီအစဉ်အရ ဖေဖော်ဝါရီလ ၂၅ရက်နေ့က ကမ္ဘောဇအသင်းနှင့်ထိုင်းပရီးမီးယားလိဂ်မှ ထိပ်တန်း အသင်းတစ်သင်းဖြစ်သည့် ချင်းရိုင်ယူနိုက်တက်အသင်းတို့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ ရှိ မယ်ဆိုင်မြူနီစပါယ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကမ္ဘောဇအသင်း က ချင်းရိုင်ယူနိုက်တက်အသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူကာ ဆုဖလားကို ရယူနိုင်ခဲ့သည်။ကမ္ဘောဇအသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၈၀မိနစ်တွင် ဆမ်မြူရယ်ဟန်ဆန် က သွင်းယူပေးခဲ့သည်။ အဆိုပါပွဲတွင် ကမ္ဘောဇအသင်း၏ဂိုးသမား ကျော်ဇင်ထက် က အကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့သည်။ ယင်းပွဲသည် ချင်းရိုင်ယူနိုက် တက်အသင်းတည်ရှိရာ ချင်းရိုင်မြို့၏မြို့တည်နှစ် ၇၅၀ပြည့် အထိမ်းအမှတ်ပွဲဖြစ် ပြီး မူလက ချင်းရိုင်မြို့ရှိ   Thaicom  အားကစားကွင်းတွင် ကျင်းပရန် စီစဉ်ခဲ့သော် လည်း မြန်မာပရိသတ်များ လိုက်လံအားပေးနိုင်ရန်အတွက် မယ်ဆိုင်မြို့သို့ ပြောင်း ရွှေ့ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲတွင်ဆုဖလားရရှိခဲ့သည့်ကမ္ဘောဇ အသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် နိုင်ငံတကာဆုဖလားကို ပထမဦးဆုံးရရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။