Main menu

Background

AFC Cup ကစားရမည့် ကြည်လင်းနှင့်ဒေးဗစ်ထန်းတို့အား ရန်ကုန်အသင်းအတွက် ပြန်လွှတ်ပေးမည်

Mon, 03/05/2012 - 10:45 -- Anonymous (not verified)

မြန်မာ့လက်ရွေးစင်ယူ-၂၁အသင်း နှင့်ဘရူနိုင်းဖိတ်ခေါ်ဖလားပွဲဝင်ရောက် ယှဉ်ပြိုင်နေသည့် ရန်ကုန်ယူနိုက်တက် အသင်းမှ ကြည်လင်းနှင့်ဒေးဗစ်ထန်းတို့ နှစ်ဦးအား AFC Cup ကစားမည့်နေ့ မတိုင်မီမိခင်ကလပ်အသင်းသို့ပြန်လည် စေလွှတ်ပေးမည်ဖြစ်ကြောင်းသိရသည်။ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Cup ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ ယူ-၂၁အသင်းမှ ၎င်းတို့၏ကစားသမား နှစ်ဦးကို ပြန်လည်စေလွှတ်ပေးပါရန် အကူအညီတောင်းခံမှုအရ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့်နည်းပြချုပ်ပတ် ဆောင်ဟွာတို့ ညှိနှိုင်းပြီး ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထို့ကြောင့် ဒေးဗစ်ထန်းသည် ဖေ ဖော်ဝါရီလ၂၉ရက်၊ ကြည်လင်းသည် မတ်လ ၅ရက်နေ့တွင် ရန်ကုန်အသင်း နှင့်ပြန်လည်ပူးပေါင်းရမည်ဖြစ်သည်။ ယင်းတို့အနေဖြင့် မတ်လ၇ရက်နေ့တွင်  AFC Cup ကစားပြီးနောက် မတ်လ ၈ရက်နေ့တွင် ဘရူနိုင်းရှိ မြန်မာ့လက် ရွေးစင် ယူ-၂၁အသင်းနှင့် ပြန်လည် ပူးပေါင်းရမည်ဖြစ်ကြောင်း သိရသည်။