အိန္ဒိယအစိုးရက သာမန်ဆန် (ဘာစမာတီမဟုတ်သောဆန်) တင်ပို့မှုအား လွတ်လပ်စွာတင်ပို့မှု ဆိုင်ရာ မူဝါဒဖြင့် ဆက်လက်ဆောင်ရွက်ရန် သဘောတူ

    ဖေဖော်ဝါရီလ ၂၉ ရက်မှစပြီး ထိုင်းဆန်ဖြူဈေးနှုန်းတွေ တစ်တန်ကို ၅ ဒေါ်လာစီ ဈေးမြင့်လာတယ်။ အိန္ဒိယဆိပ်ကမ်း တွေမှာ သင်္ဘောတွေပြည့်ကျပ်နေပြီး ပြည်ပမှဆန်ဝယ်ယူသူတွေက ထိုင်းဆန်ကိုဝယ်ယူဖို့ ကမ်းလှမ်းလာကြရာ ဈေးမြင့်လာ တယ်လို့ သိရတယ်။    ဗီယက်နမ်ဆန်ဖြူဈေးနှုန်းတွေက တစ်တန်ကို ၅ ဒေါ်လာမှ ၁၅ ဒေါ်လာအထိ ဈေးကျသွားတယ်။ ဗီယက် နမ်ဆန်တင်ပို့မှုဈေးနှုန်းတွေ လျော့ချပေးလာရာ အိန္ဒိယကလည်း ၎င်းင်းရဲ့ ဆန်ဖြူတင်ပို့မှုဈေးနှုန်းကို လျော့ချပေးခဲ့ရာ အိန္ဒိယဆန်ဖြူ ၂၅ ရာခိုင်နှုန်းက တစ်တန်ကို ၃၈၀ ဒေါ်လာအထိ ရောက်ရှိသွားခဲ့တယ်။ အိန္ဒိယအစိုးရက မတ်လ အစောပိုင်းမှာသာမန်ဆန် (ဘာစမာတီမဟုတ်သောဆန်) တင်ပို့မှုဆိုင်ရာ သတ်မှတ်ချက်ကို ပြန်လည် သုံးသပ်ပြီး လွတ်လပ်စွာ တင်ပို့ဖို့ သဘောတူလိုက်တယ်။ ပြည်တွင်းမှာလည်း ဆန်သိုလှောင်ထားမှုများစွာ ရှိနေခြင်းကြောင့် ပြည်ပတင်ပို့တဲ့ ဆန်ဈေး နှုန်းကို လျှော့ချပေးခဲ့ခြင်းဖြစ်တယ်လို့ သိရတယ်။ပပ၊ Source:brecorder.com