သင်္ဘောတင်ဆောင်ရွက်မှု အားနည်းခြင်းကြောင့် အိန္ဒိယဆန်ဝယ်လက်များ ထိုင်းနဲ့ ဗီယက်နမ်ဆန်ကို ပြောင်းလဲဝယ်ယူလာ
အိန္ဒိယဆိပ်ကမ်းများမှာ ကုန်ကြပ်နေခြင်းကြောင့် သင်္ဘောတင်နှောင့်နှေးမှုများ ဆက်တိုက်ဖြစ်နေတဲ့အတွက် တရုတ်နဲ့ အာဖရိကဝယ်လက်များဟာ အိန္ဒိယဆန်ဈေးနဲ့ယှဉ် ရင် ဈေးမြင့်တဲ့တိုင် ထိုင်းနဲ့ဗီယက်နမ်ဆန်ကို ပြောင်းလဲ ဝယ်ယူလာနေကြပြီလို့ သိရပါတယ်။ အိန္ဒိယဆန်မဟုတ်တဲ့ အခြားနိုင်ငံဆန်ကို ဝယ်လိုအား ရုတ်တရက်တက်လာခြင်း က ထိုင်းဆန်ဈေးအလားတူ ဗီယက်နမ် ဆန်ဈေးဟာလည်း ယခင်သီတင်းပတ်အတွင်းအတက်ဘက်ကိုဦးတည်လာခဲ့ပါတယ်။ ထိုင်း ၁၀၀ မှတ်ဆန်ဖြူဈေးဟာ ယခင်တစ်ပတ်က ကန် ဒေါ်လာ ၅၃၅ နဲ့ ၅ မှတ်ဆန်ဈေးဟာ ကန်ဒေါ်လာ ၅၂၅ ရှိခဲ့ရာက ယခုတစ်ပတ်မှာ ကန်ဒေါ်လာ ၅၄၀ နဲ့ ၅၃၀ ကို အသီးသီးတိုးလာခဲ့ပါတယ်။ အလားတူ ဗီယက်နမ် ၅ မှတ် ဆန်နဲ့ ၂၅ မှတ်ဆန်ဈေးတို့လည်း တစ်တန် ၁၀ ဒေါ်လာစီမြင့် တက်ခဲ့ပါတယ်။ အိန္ဒိယဆိပ်ကမ်းများမှာ ထောက်ပံ့ပို့ဆောင်မှု အားနည်းတဲ့ ပြဿနာက ယခုနှစ် အိန္ဒိယရဲ့ ဆန်တင်ပို့မှုမှာ ထိုင်းနဲ့ဗီယက်နမ်ကို ကျော်လွန် တင်ပို့နိုင်မယ်လို့ ခန့်မှန်းထားတဲ့ အိန္ဒိယဆန်ကုန်သွယ်မှုအပေါ် ထိခိုက်စေနိုင်တဲ့ အရေးပါမှု ဖြစ်နေပါတယ်။ ၂၀၁၁ စက်တင်ဘာလအတွင်း ဆန်တင်ပို့ ဈေးကွက်ကို ပြန်ဝင်လာကတည်းက ဘာစမာတီမဟုတ်တဲ့ ဆန်တန်ချိန် ၂ သန်းကျော် တင်ပို့ပြီးဖြစ်လို့ ၂၀၁၁ ခုနှစ် အိန္ဒိယရဲ့ စုစုပေါင်းဆန်တင်ပို့မှု တန်ချိန် ၄ ဒသမ ၂ သန်းမှာ ၄၅ ရာခိုင်နှုန်းနီးပါး ပါဝင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း လက်ရှိ အချိန်ထိ ဘာစမာတီနဲ့ ဘာစမာတီမဟုတ်တဲ့ ဆန် တန်ချိန် ၁ ဒသမ ၁ သန်းနီးပါးတင်ပို့ထားပြီးဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၂ ခုနှစ်အတွင်းမှာ အိန္ဒိယဆန်တန်ချိန် ၆ သန်း - ၇ သန်းခန့်အထိ တင်ပို့နိုင်မယ်လို့ အများက ခန့်မှန်းထား ကြပေမယ့် ယခုလို ထောက်ပံ့ပို့ဆောင်မှု ပြဿနာက အဲဒီရည် မှန်းချက်ပမာဏကို မှေးမှိန်စေနိုင်ပါတယ်။ အိန္ဒိယဆန်ဈေး နိမ့်ကျခြင်းက ယှဉ်ပြိုင်နိုင်စွမ်းအားကို အထောက်အကူဖြစ်စေ သလို ကမ္ဘာ့ဆန်လုပ်ငန်းမှာ ဆန်ဈေးကိုလည်း လွှမ်းမိုးစေပေ မယ့်ယခုလိုသင်္ဘောတင်ထိရောက်စွာ ဆောင်ရွက်နိုင်မှုမရှိခြင်း ဟာ ယခုနှစ် ဆန်တင်ပို့မှုတိုးမြင့်ဖို့ ကြိုးစားနေတဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့ကို ဆန်ဈေးကွက် ပြန်လည်ရွေ့လျားနိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။ အိန္ဒိယမှာ ကုန်သွယ်မှု အဆင်ပြေချောမွေ့စေရေးနဲ့ ပတ်သက်တဲ့ WTO လေ့လာရေးစင်တာမှ လေ့လာချက် အရ အိန္ဒိယဆိပ်ကမ်းများဟာ နိုင်ငံတကာ ကုန်သွယ်မှုမှာ ၎င်းတို့ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို နောက်ကျကျန်စေနိုင် တယ်ဆိုတာတွေ့ရှိရ တယ်လို့ ဆိုပါတယ်။ စင်ကာပူလိုနိုင်ငံတွေမှာ သင်္ဘောတစ်စီး လုံး တင်ပို့ဖို့ နာရီအနည်းငယ် အတွင်း ပြီးစီးနိုင်ပေမယ့် အိန္ဒိယဆိပ်ကမ်းများဟာ သင်္ဘောတစ်စီး အပြီးအစီးတင်ပို့ဖို့ ရက်ပေါင်း ၉-၁၀ ရက်ခန့် အချိန်ယူနေရတယ်ဆိုတာ တွေ့ရပါ တယ်။ အိန္ဒိယဆိပ်ကမ်းလုပ်ငန်းများနဲ့ ထောက်ပံ့ပို့ဆောင်မှုတွေ မှာ ရင်းနှီးမြှုပ်နှံဖို့ လာရောက်လေ့လာတဲ့ အမေရိကန်နိုင်ငံ တကာ ကုန်သွယ်ရေးအတွင်းဝန် Francisco Sanchez ဦးဆောင်တဲ့ အမေရိကန်လေ့လာရေးအဖွဲ့မှ အိန္ဒိယဆိပ်ကမ်း များ ကုန်ကြပ်မှုကြီးထွားခြင်းဟာ အခွင့်အရေးများဆုံးရှုံးမှုကို ဖြစ်စေတယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။ ချန်နိုင်းမှာ ပြုလုပ်တဲ့အိန္ဒိယဆိပ်ကမ်းများနဲ့ ရေကြောင်းကဏ္ဍမှာ အိန္ဒိယ- အမေရိကန်ပူးပေါင်း ဆောင်ရွက်မှု ဆွေးနွေးပွဲမှာ ကုန်သွယ်မှု တိုးတက်လာတာနဲ့အမျှ တစ်ရက်ကို တင်ပို့နိုင်မှု တိုးတက်မှု မရှိခြင်းဟာဆိပ်ကမ်းများကုန်ကြပ်ခြင်းနဲ့ ကုန်ကျစရိတ် ပိုမိုခြင်း တို့ဖြစ်လာနိုင်ပါတယ်လို့ Sanchez မှ ပြောကြားပါတယ်။ အမေရိကန်၊ တရုတ်နဲ့ ဥရောပစတဲ့ နိုင်ငံများမှာ ကမ်းရိုးတမ်း ကုန်သွယ်မှုမှာ ကုန်သွယ်မှု ပမာဏရဲ့ ၄၀ ရာခိုင်နှုန်းခန့် ရှိပေမယ့် အိန္ဒိယရဲ့ ကမ်းရိုးတန်း ကုန်သွယ်မှုမှာ စုစုပေါင်း ပြည်တွင်း ကုန်သယ်ယူပို့ဆောင်မှုရဲ့ ၇ ရာခိုင်နှုန်းသာ ရှိတယ် လို့လည်း ၎င်းက ထပ်လောင်းပြောကြားပါတယ်။လမင်း၊Source:oryza.com
