ယခုတစ်ပတ် (ဖေဖော်ဝါရီလ ၂၇-မတ်လ ၁ ရက်) အတွင်း ပင်လယ်ရေ ကြောင်းကမတ်ပဲတင်ပို့မှုမှာ တန်ချိန် ၅၂၀၀ ကျော်သာရှိလို့ ယခင်တစ်ပတ် တင်ပို့ တဲ့ တန်ချိန် ၉၀၀၀ ထက်လျော့ကျခဲ့ပါတယ်။ ၂၀၁၂ ဖေဖော်ဝါရီ လ တစ်လလုံး တင်ပို့မှုကို လေ့လာကြည့်ရင် တန်ချိန် ၃၅၀၀၀ ခန့်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၀ သန်းကျော်ရရှိခဲ့လို့ဇန်နဝါရီလတင်ပို့ခဲ့တဲ့ တန်ချိန် ၂၈၀၀၀ ခန့်ထက်ပိုမို တင်ပို့ နိုင်ကြောင်း သိရပါတယ်။ ၂၀၁၁ ကာလတူ ဖေဖော်ဝါရီလအတွင်းမှာတော့ မတ်ပဲ တန်ချိန် ၃ သောင်းကျော်တင်ပို့နိုင်ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၂၇ သန်းကျော် ရှိလို့ ယခုနှစ် ကာလတူမှာ ပမာဏအားဖြင့် ပိုမိုတင်ပို့နိုင်ပေမဲ့ ဝင်ငွေမှာ လျော့ကျ တာ တွေ့ရပါတယ်။ လက်ရှိ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် မတ်လ ၂ ရက်အထိ မတ်ပဲစုစုပေါင်း တင်ပို့ နိုင်မှုကို လေ့လာကြည့်ရင် တန်ချိန် ၅၅၀၀၀၀ ကျော်ရှိပြီဖြစ်လို့ ယခင်နှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၄၃၀၀၀၀ ကျော်ထက် တန် တစ်သိန်းကျော်ပိုမို တင်ပို့နိုင်တာ တွေ့ရပါတယ်။ မတ်ပဲတင်ပို့မှုကတော့ ယခင်အပတ်မှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ MIRT - MAPT
Background