အိန္ဒိယပြည်တွင်းဈေးကွက်အများစုမှာ ယခုတစ်ပတ် မတ်ပဲဈေးအနည်းငယ် လျော့ကျပါတယ်။ ဝယ်လက်များက ဈေးအမြင့်မှာ ဝယ်ယူမှုနည်းခြင်းနဲ့ တင်သွင်း မတ်ပဲကို ဈေးသက်သက်သာသာနဲ့ ရရှိတဲ့အတွက် ဝယ်လိုအားနည်းနေပါတယ်။ ဟိုလီပွဲတော်နီးကပ်လာလို့ ဝယ်လိုအားနည်းတဲ့အတွက်လည်း အချို့ဈေးကွက်မှာ ဈေးကျဆင်းခဲ့ပါတယ်။ ယခုနှစ်အိန္ဒိယမှာ မတ်ပဲထွက်ရှိမှုက ပုံမှန်ထွက်ရှိတဲ့ ပမာဏ ထက်အနည်းငယ်ပိုပြီး တန်ချိန် ၁ ဒသမ ၇၃ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားတဲ့ အတွက် ဈေးကွက်တွေမှာ မတ်ပဲလက်ကျန် ရှိနေသေးတယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်နေတဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/ တန် ၉-၃-၂၀၁၂ ၇-၃-၂၀၁၂ ၆-၃-၂၀၁၂ ၅-၃-၂၀၁၂မွန်ဘိုင်း ၅၇၀ ၅၆၂ ၅၈၈ ၅၈၆ချန်နိုင်း ၅၅၉ ၅၆၂ ၅၉၄-၅၉၉ ၅၈၆MIRT(MAPT)
Background