ပြည်ဈေးကွက်သို့ ပြည်အနီးအနား နယ်စုံမှပဲသစ်များ အဝင်များနေပြီး တစ်နေ့ အိတ် ၄၀၀-၅၀၀ ခန့် အဝင်ရှိတယ်လို့သိရပါတယ်။ ယခုတစ်ပတ် ပဲဝင်ရောက်မှု များနေတာကြောင့် ပဲဈေးမှာ ပဲတစ်တင်း ၁၂၇၀၀ ကျပ် ဈေးသာရှိတယ်လို့ သိရပါ တယ်။ လက်ကျန်ပဲဟောင်းများ အနည်းငယ်ရှိသေးသော်လည်း အရောင်းအဝယ် မဖြစ်ဘဲ ပဲသစ်များသာ အဝယ်ရှိတယ်လို့ သိရပါတယ်။ မြို့တွင်းဝယ်လက်ထက် ရန်ကုန်ဝယ်လက် အများဆုံးအဝယ်ရှိပြီး နေ့စဉ်ဝင်သလောက် အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ပြည်မှရန်ကုန်ဘုရင့်နောင်သို့ ပဲစီးဝင်မှုမှာ တစ်နေ့အိတ် ၂၀၀၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ မိမိအေး
Background