Main menu

Background

ပဲစင်းငုံ တစ်ပတ်အတွင်း တင်ပို့မှု ဆက်လက်လျော့ကျ

Mon, 03/12/2012 - 07:42 -- Anonymous (not verified)

ပင်လယ်ရေကြောင်းက ပဲစင်းငုံ တင်ပို့မှုက ဆက်လက်လျော့ကျလာပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၇၀၀၀ ကျော်ကို လျော့ကျခဲ့သလို ယခုတစ်ပတ် (ဖေဖော်ဝါရီ ၂၇-မတ် ၁ ရက်) အတွင်းမှာလည်း တန်ချိန် ၆၅၀၀ သာတင်ပို့နိုင် ခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီလတစ်လလုံးတင်ပို့မှုမှာ တန်ချိန် ၄၇၀၀၀ ကျော်ရှိလို့ ဇန်နဝါရီလ တင်ပို့ခဲ့တဲ့ တန်ချိန် ၄၄၀၀၀ ကျော်ထက် ပိုမိုသလို ၂၀၁၁ ဖေဖော်ဝါရီလ တင်ပို့ခဲ့တဲ့ တန်ချိန် ၂၂၀၀၀ ကျော်ထက်လည်း တစ်ဆပိုတင်နိုင်တာ တွေ့ရပါတယ်။     ၂၀၁၁-၁၂ ဘဏ္ဍာနှစ် မတ်လ ၂ ရက်နေ့အထိ ပဲစင်းငုံစုစုပေါင်း တင်ပို့ ပြီးစီးမှုမှာ တန်ချိန် ၂၉၀၀၀၀ ကျော်ရှိပြီဖြစ်လို့ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၁၃၀၀၀၀ ခန့်ထက် တစ်ဆကျော် ပိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ လက်ရှိ ရောင်းဝယ်မှု အခြေအနေအရ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှုနည်းနိုင် ကြောင်း ခန့်မှန်းရပါတယ်။MIRT - MAPT