Main menu

Background

ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံ ရောင်းဝယ်မှုနည်းပေမဲ့ ယခင်တစ်ပတ်ထက် ပိုဖြစ်

Mon, 03/12/2012 - 07:42 -- Anonymous (not verified)

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲစင်းငုံ အရောင်းအဝယ်ဖြစ်မှု မများပေမဲ့ ယခင်တစ်ပတ်ရောင်းဝယ်မှုထက် ပိုတာတွေ့ရပါ တယ်။ ယခင်တစ်ပတ်က တန်ချိန် ၄၀၀၀ ကျော်သာ စာချုပ်နိုင်ခဲ့ရာမှ ယခုတစ်ပတ် (မတ်လ ၃-၉ ရက်) အတွင်းမှာတော့ တန်ချိန် ၉၀၀၀ ဝန်းကျင်အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။     အိန္ဒိယဝယ်လက် အဝယ်ဆက်ရှိနေပေမဲ့ အရောင်းအဝယ်မသွက်ဘူးလို့ သိရပါ တယ်။ ဒါ့အပြင်ပို့ကုန်ဝင်ငွေတစ်ယူနစ်တန်ဖိုးကျဆင်းတာကြောင့်ပဲစင်းငုံဈေးလည်း ကျဆင်းခဲ့ပါတယ်။ ပဲစင်းငုံအသစ်နဲ့အဟောင်းဈေးက ကွာခြားမှုကန်ဒေါ်လာ ၄၀ ခန့် ရှိနေပါတယ်။         ငုံနီအသစ်    ငုံနီ(အဟောင်း)    ဖြူနီ(အသစ်)    ဖြူနီ(အဟောင်း)၉-၃-၂၀၁၂    ၅၇၀-၅၉၀    ၄၆၀-၄၈၀    ၅၃၀-၅၅၀    ၄၁၀-၄၃၀၁-၃-၂၀၁၂    ၆၁၀-၆၃၀    ၄၉၀-၅၁၀    ၅၇၀-၅၉၀       -MIRT(MAPT)