Main menu

Background

အိန္ဒိယပြည်တွင်းပဲဈေးကွက်တွေကို ပဲအဝင်ပုံမှန်ရှိလို့ ဈေးအနည်းငယ်အေး

Mon, 03/12/2012 - 07:44 -- Anonymous (not verified)

အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ဒေသတွင်းနဲ့ ပြည်ပက ပဲအဝင်ပုံမှန်ရှိပြီး ဝယ်လိုအား နည်းတာကြောင့် ဈေးအနည်းငယ်အေးပါတယ်။ လွန်ခဲ့တဲ့ ၃-၄ ရက် အတွင်း ပဲဝင်ရောက်မှုနည်းပြီး ပဲခွဲစက်များမှ ဝယ်ယူမှု တက်လာတာကြောင့် ပဲစင်းငုံ ဈေးမြင့်ခဲ့ပါတယ်။ ဒါ့အပြင် နှစ်စဉ်အိမ်ထောင်စုများရဲ့ ဝယ်ယူမှုကလည်း တိုးတက်ခဲ့ တယ်လို့ သိရပါတယ်။ အိန္ဒိယဆိပ်ကမ်းများကို မြန်မာ၊ တန်ဇန်းနီးယား၊ မာလာဝီနဲ့ မိုဇမ်းဘစ်တို့ကပဲစင်းငုံများ ဝင်ရောက်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၅ ရက် အထိ ပဲစင်းငုံကွန်တိန်နာ အလုံး ၅၁၀ ကျော် ဝင်ရောက်ကြောင်း သိရပါ တယ်။ ဈေးကွက်များမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-    ဒေါ်လာ/ တန်    ၉-၃-၂၀၁၂    ၇-၃-၂၀၁၂    ၆-၃-၂၀၁၂    ၅-၃-၂၀၁၂မွန်ဘိုင်း    ၆၁၂    ၆၀၂    ၆၂၄    ၆၁၁ချန်နိုင်း    ၆၁၉    ၆၀၇    ၆၃၀-၆၄၀    ၆၃၇-၆၄၂MIRT(MAPT)