Main menu

Background

ချီတုံချတုံ ပဲစင်းငုံ

Mon, 03/12/2012 - 07:45 -- Anonymous (not verified)

    ပဲစင်းငုံအသစ်ဆိုတာနှစ်စဉ်ဒီဇင်ဘာလဆန်းရောက်ရင်ပေါ်တတ်ပါတယ်။ အရင် နှစ်တွေမှာပဲအဟောင်းတွေကအဟောင်းကာလမှာ တာဝန်ကျေခဲ့တော့ အဟောင်းအသစ် ထပ်တာနည်းခဲ့ပါတယ်။ ဒါပေမယ့်ဒီနှစ်နှစ် သုံးနှစ်အတွင်းအချိန်တန်လို့ ပဲစင်းငုံ အသစ် တွေ ပေါ်လာပေမယ့်လည်း၊ အဟောင်းတွေက ရောင်းမထွက်သေးပါဘူး။ မြတ်ဖို့၊ စားဖို့ အသာထား၊အရင်းပြန်ရရုံဈေးကိုမျှော်လင့်နေတဲ့ပဲလှောင်လက်တွေလက်ညှိုးထိုးမလွဲပါဘူး။    ဒီနှစ်လည်း ပဲစင်းငုံစပေါ်တဲ့ ဒီဇင်ဘာ၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလများမှာ အဟောင်းဈေးနဲ့ အသစ်တွေ တစ်တင်း ၁၀၀၀ကျပ်လောက်ပဲကွာပြီး၊ အရောင်းအဝယ် ဖြစ်ကြပါတယ်။ ပဲအဟောင်းကိုတော့ အိန္ဒိယဝယ်လက်အတွက် သင်္ဘောတင်ဖို့ ဝယ်ကြတာဖြစ်ပြီး၊ ပဲအသစ်ကတော့လှောင်လက်များ အော်ဒါတွေအရ ဝယ်ခြင်းဖြစ်ပါ တယ်။ ခုမတ်လထဲရောက်တော့ အဟောင်းအသစ်တစ်တင်းကို ၁၂၀၀ ကျပ်မှ ၁၄၀၀ ကျပ်ထိကွာလာပြီး၊ တင်းအရေအတွက်များရင်ပမာဏသိသာလာပါတယ်။ ဒီတော့ အရင် နှစ်လိုပဲ ပဲအဟောင်းကိုအရှုံးခံရောင်းပြီး၊ ပဲအသစ်ကိုလဲပြီး ဝယ်ဖို့စဉ်းစားရပါတော့တယ်။    မနှစ်က ပဲအဟောင်းကို  ၂၀၀၀၀ ကျပ်ဈေးနဲ့ တင်း ၁၀၀ ဝယ်ထားရင် ယခု ပဲဟောင်းတွေက ၁၃၄၀၀ ကျပ် လောက်ပဲရှိတာကြောင့် ၆၆၀၀၀၀ ကျပ်ငွေ ရှုံးပါတယ်။ ရောင်းရငွေကို စိတ်မကုန်သေးလို့ ပဲစင်းငုံအသစ် ၁၄၆၀၀ ကျပ်ဈေးနဲ့ ဝယ်လှောင်ရင် ပဲ ၉ တင်းပဲရပါမယ်။ဒီကြားထဲလုပ်သားတင်ချခ၊ ပိုးသတ်ခ၊ အိတ်ခွံဖိုး၊ ပွဲစား၊ ကော်မရှင် ခတွေ မပါသေးပါဘူး။ ကုန်စည်ဒိုင်မှာလဲ ကြာလေလေ ပဲအဟောင်းဈေးက နေ့စဉ် မပြတ်ဘဲ ပဲအသစ်ဘဲ ဈေးစကားပြောကြပါတယ်။    ဒီတော့ သုံးနှစ်ဆက်တိုက် အဟောင်းအသစ်လဲလဲလာရတဲ့ ပဲကုန်သည်မဟုတ်တဲ့ လှောင်လက် တစ်ယောက်ကတော့ ဆေးပေါ့လိပ်ကို မီးညှိညှိနေရတာနဲ့ဘဲ မသောက်ရ၊ မဖွာရဘဲ တိုတိုသွားတဲ့ ဆေးပေါ့လိပ် ဖြစ်နေပြီခင်ဗျ။ ဒီတော့ တက်မလား၊ ဆုတ်မလား ချီတုံချတုံ ပဲစင်းငုံလို့ တင်စားရကြောင်းပါ။                  မောင်မောင်အေး