အခြား ပဲအုပ်စုတွေထဲမှာ ပြည်ပ ကို ရောင်းဝယ်တင်ပို့မှု အားကောင်းနေ တဲ့ ပဲကတော့ ပဲလွန်းဖြူပဲဖြစ်ပါတယ်။ ယခုသီတင်းပတ်မှာလည်း တင်ပို့မှု တန် ချိန် ၁၄၀၀ ကျော်ရှိခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ ယူ အေအီးနဲ့ ဗီယက်နမ်တို့ဖြစ်ပြီး ပမာဏ များများ သွားတာကတော့ အိန္ဒိယနဲ့ ဗီယက်နမ်တို့ကို ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ တစ် လလုံးမှာ ပဲလွန်းဖြူတန်ချိန် ၄၈၀၀ ခန့် တင်ပို့မှုရှိခဲ့ပြီး ဝင်ငွေအနေနဲ့ ကန်ဒေါ် လာ ၃ သန်းကျော်ရရှိထားပြီး၊ ဇန်နဝါရီ လမှာ တန်ချိန် ၁၂၀၀ ခန့် ကန်ဒေါ် လာ ၁ သန်းကျော်ရရှိကြောင်း သိရပါ တယ်။၂၀၁၁ ဖေဖော်ဝါရီလအတွင်းမှာ တော့ တန်ချိန် ၁၇၀၀ ကျော်တင်ပို့ခဲ့ပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းကျော်ရှိလို့ ယခုနှစ်တင်ပို့မှု ပမာ ဏ၂ဆခန့်ပိုတင်နိုင်တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ မတ်လ ၃ ရက်မှ ၉ ရက်အထိ တန်ချိန် ၃၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်တော်များများ ကြိုက်တဲ့ ပဲဖြစ်လို့ လာမယ့်သီတင်းပတ် တွေမှာလည်း ရောင်းဝယ်မှု ကောင်းနိုင် မယ်လို့ ခန့်မှန်းရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ် အတိုင်း ငြိမ်နေပြီး မတ်လ ၉ ရက်နေ့မှာ ပဲလွန်းဖြူ FAQ တစ်တန် ကန်ဒေါ်လာ ၆၈၀-၇၀၀ နဲ့ SQ မှာ ကန်ဒေါ်လာ ၈၁၀-၈၃၀ ရှိကြောင်း သိရပါတယ်။MIRT - MAPT
Background