ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းရောင်းဝယ်မှု ယခင်သီတင်းပတ်ထက် လျော့ကျပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၈၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လ ၃ ရက်မှ ၉ ရက်အထိ ယခုတစ်ပတ်အတွင်းမှာ တန်ချိန် ၁၆၀၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ရောင်းဝယ်မှုဖြစ်နေပေမဲ့ ပဲတီရွှေဝါဈေးများ ကျဆင်းလာနေပါတယ်။ ယခင်သီတင်းပတ်များက ပခုက္ကူဈေးထက် အညာရွှေဝါဈေး ပိုပေမဲ့ ယခု တစ်ပတ်မှာ ရွှေဝါဈေးကျလာလို့ ဈေးနှုန်းတူလာခဲ့ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ မတ်လ ၉ ရက်မှာ FAQ အညာရွှေဝါ နဲ့ ပခုက္ကူမှာ တစ်တန် ကန်ဒေါ်လာ ၆၇၀-၆၉၀ နဲ့ ရွှေဝါအကြီးမှာ ကန်ဒေါ်လာ ၈၀၀-၈၂၀ ရှိကြောင်း သိရပါတယ်။MIRT - MAPT
Background