Main menu

Background

ယခုအပတ်နယ်စပ်မှ ပဲတီစိမ်း တန် ၄၀၀ ကျော် တင်ပို့နိုင်

Mon, 03/12/2012 - 07:52 -- Anonymous (not verified)

    ဖေဖေါ်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ မြဝတီ ကုန်သွယ်ရေးဇုန် တို့မှကန်ဒေါ်လာ သုည ဒသမ ၃၄၃ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံး ၄၄၁ တန်ကျော်နဲ့ ပဲတီစိမ်းခြမ်း ၁၄ တန်ခွဲ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် လုံးပြည့်တန် ၁၉၀ ဝန်းကျင် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ပဲတီစိမ်းလုံးခြမ်းတင်ပို့မှုမှာ ပြောင်းလဲမှုမရှိပါ။ နယ်စပ် အလိုက် တင်ပို့နိုင်မှုတွေကတော့ ပဲတီစိမ်းလုံးပြည့်ကို မူဆယ်မှ ၁၆၉ တန်ကျော်နဲ့ မြဝတီမှ ၁၄၇ တန်၊ လုံးခြမ်းကိုတော့ မူဆယ်မှ ၁၄ တန်ခွဲ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ နယ်စပ်မှ ပဲတီစိမ်းတန် ၃၆၅၄ ကျော် အပို့ရှိပြီး ဧပြီလမှ ဖေဖော်ဝါရီလကုန်ထိ ၁၁ လတာကာလမှာ ပဲတီစိမ်း တန် ၁၃၇၁၀၀ ကျော်ကို အဓိကအားဖြင့် မူဆယ်မှတင်ပို့ထားပြီး ဖြစ်ပါတယ်။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံ ပဲတီစိမ်းများ ယခင်အပတ်ဈေးနဲ့ နှိုင်းယှဉ်လျှင် ဈေးသိသိသာသာ ပြောင်း လဲ မှုမရှိဘဲ မိမိဘက်ဈေး တစ်တန်ကို ကျပ် ၃၀၀၀ နဲ့ တစ်ဖက်နိုင်ငံဈေး ၁ ဒေါ်လာသာ ပိုမိုခဲ့ပါတယ်။ မိမိဘက်မှာ ပဲတီစိမ်း (အညာ) တစ်တန်ကို ကျပ် ၅၉၂၇၅၀ နဲ့ တစ်ဖက်နိုင်ငံ ရွှေလီမှာ ၈၂၆ ဒေါ်လာဈေးပေါက်လျက်ရှိပါတယ်။         MIRT (DOBT)