Main menu

Background

ဈေးသက်သာတဲ့ အိန္ဒိယချင်းက ပြည်ပတင်ပို့မှုလျာထားချက်ထက် ကျော်လွန်နေ

Mon, 03/12/2012 - 08:11 -- Anonymous (not verified)

    အိန္ဒိယရဲ့ချင်းတင်ပို့မှုဟာယခုဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု စီးပွားကူးသန်း ဝန်ကြီးဌာနနဲ့ ဟင်းခတ် အမွှေးအကြိုင်အဖွဲ့ရဲ့ ၉ လအတွင်း တင်ပို့ဖို့ ရည်မှန်းချက် ထက်ကျော်လွန်နေပြီလို့သိရပါတယ်။ နိုင်ငံတကာ ဈေးထက်လျော့ပြီး၊ တစ်တန် ကန်ဒေါ် လာ ၅၀၀ ဝန်းကျင်သာရှိလို့ အိန္ဒိယချင်းကို ဝယ်လိုအား မြင့်တက်နေတယ်လို့ ကုန်သည် များက ဆိုပါတယ်။    ပြည်တွင်းဈေးကွက်အတွင်းရောင်းလိုအားနဲ့ ဝယ်လိုအားမျှနေခြင်းက ကာလ တစ်ခု မှာ ဈေးနှုန်းတည်ငြိမ်ရာမှ ခိုင်မာလာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိ ရာသီအတွင်း ချင်းထွက်ရှိမှုက အစောပိုင်းခန့်မှန်းထားသလို ယခင်နှစ်ထက် ၂ ဆပိုမှာမဟုတ်ပေမယ့် အနည်းငယ်တော့ ပိုထွက်မယ်လို့လည်း ၎င်းင်းတို့ကထပ်လောင်း ပြောကြားပါတယ်။ ယခင် နှစ်ဧပြီလ၊ဒီဇင်ဘာလအတွင်းချင်းတန်ချိန်၁၂၁၅၀တင်ပို့ခဲ့ပြီး တစ်ကီလိုရူပီး၁၁၆ ဒသမ ၁၂ (ကန်ဒေါ်လာ၂ဒသမ ၃၂) ဈေးနဲ့ ရူပီး၁၄၁ ဒသမ ၀၈ ကုဋေ (ကန်ဒေါ်လာ၂၈ ဒသမ ၁၉ သန်း)ရရှိခဲ့လို့ ရည်မှန်းပမာဏတန်ချိန် တစ်သိန်း၊ တန်ဖိုးရူပီး ၉၀ ကုဋေ (ကန်ဒေါ်လာ ၁၇ ဒသမ ၉၈ သန်း)ထက်ပိုမိုလာတယ်လို့ ဟင်းခတ်အမွှေးကြိုင်အဖွဲ့က ပြောကြားပါတယ်။ ယခင်ဘဏ္ဍာနှစ်ကာလတူအတွင်းတင်ပို့မှုမှာတန်ချိန် ၁၀၁၀၀ ရှိပြီး၊ ၁ကီလို ရူပီး ၅၄ ဒသမ ၄ (ကန်ဒေါ်လာ ၁ ဒသမ ၀၈၇)ဈေးနဲ့ စုစုပေါင်း ရူပီး ၅၄ ဒသမ ၆၈ ကုဋေ (ကန်ဒေါ်လာ ၁၀ ဒသမ ၉၂ သန်း)ရရှိခဲ့ကြောင်း သိရပါတယ်။    ချင်းခြောက်ပြုလုပ်ဖို့ အရည်အသွေးကောင်းချင်းစိုက်ပျိုးမှုမှာ ထိုက်သင့်တဲ့ ဈေး မရရှိလို့ မကြာသေးခင်နှစ်များအတွင်းကျဆင်းခဲ့တယ်လို့ချင်းစိုက်ပျိုးသူMr  P.V  Eliyas   ကဆိုပါတယ်။ချင်းစိုက်ဧရိယာရဲ့ ၁၀ ရာခိုင်နှုန်းခန့်သာ ချင်းခြောက်ပြုလုပ်တဲ့ ချင်း အမျိုးအစားသာ စိုက်ပျိုးတယ်လို့ဆိုပါတယ်။ ယခု နှစ်ချင်းဈေးက ၆၀ ကီလိုပါ အိတ်ကို ယခင်က ရူပီး ၁၂၀၀ (ကန်ဒေါ်လာ ၂၃ ဒသမ ၉၈)ရှိရာမှ ရူပီး ၄၀၀-၅၀၀ (ကန် ဒေါ်လာ ၇ ဒသမ ၉၉ - ၉ ဒသမ ၉၉)ကို ကျဆင်းခဲ့ပေမယ့် ထုတ်လုပ်မှု စရိတ်ကတော့ ၆၀ကီလိုကို ရူပီး ၉၀၀-၁၀၀၀(ကန်ဒေါ်လာ၁၇ဒသမ၉၈-၁၉ဒသမ၉၈)အထိ တက်လာ တယ်လို့ဆိုပါတယ်။လယ်သမားများစွာက ယခင်နှစ်ဈေးကောင်းရလို့ ယခုနှစ်မှာ ပိုမို စိုက်လာကြတာကြောင့်အထွက်များလာတာဖြစ်တယ်လို့ Mr  Eliyas ဆိုပါတယ်။     ချင်းခြောက်ပြုလုပ်ဖို့ အရည်အသွေးမြင့် အမျှင်မပါကိုချိနဲ့ဟီမာချယ် ချင်းစိုဈေး က ၆၀ကီလိုကို မနှစ်ကရူပီး၂၃၀၀-၂၅၀၀(ကန်ဒေါ်လာ ၄၅ ဒသမ ၉၅- ၄၉ ဒသမ ၉၅) ရှိရာမှ ရူပီး၁၅၀၀-၁၈၀၀ (ကန်ဒေါ်လာ ၂၉ဒသမ ၉၇ - ၃၅ ဒသမ ၉၆) ကို ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ချင်းတစ်တန်ကို အခြောက်ပြုလုပ်ရင် ချင်းခြောက် ၃၀၀-၃၅၀ ကီလိုဝန်းကျင်ရရှိပါတယ်။ အဓိက စိုက်ပျိုးတာတော့ ကီရာလာရှိခရိုင်များနဲ့ ကာနာတာကာ ပြည်နယ်အတွင်းမှာ စိုက်ပျိုးပါတယ်။    ကိုချိချင်းကုန်သည်များဟာ ဈေးပိုမရတဲ့ ချင်းများ တင်သွင်းမှု တက်လာခြင်းဟာ နိုင်ငံတကာ ဟင်းခတ်လုပ်ငန်းမှာ ထင်ရှားတဲ့ ကိုချိချင်းစိုက်ပျိုးမှု တဖြည်းဖြည်းလျော့ ပါးလာစေနိုင်တယ်လို့ ဆိုပါတယ်။ ကိုချိချင်းဟာ ထူးခြားတဲ့အရသာကြောင့် ကမ္ဘာမှာ အကောင်းဆုံးချင်းတစ်မျိုးဖြစ်ပြီး၊အမျှင်ပါဝင်မှုမရှိဘူးလို့ဆိုပါတယ်။ ပုံမှန်အားဖြင့် ဈေး အမြင့်နဲ့ ရောင်းဝယ်ကြပါတယ်။              ယမင်းခင်၊Source: business line