ဟိုပုံးချင်းဈေးကွက်မှာအရောင်းအဝယ်အေးနေပါတယ်။အဝယ်မရှိသလောက် ဈေးအေးနေပြီး ချင်းအခက် ကြီး၊ တစ်ပိဿာ ၂၅၀ ကျပ်၊ အခက်ညံ့ တစ်ပိဿာ ၂၀၀ ကျပ်ရှိပါတယ်။ အရောင်းအဝယ်အေးလို့ အဝင်လည်း အနည်း ငယ်နည်းနေ တယ်လို့ သိရပါတယ်။ အချို့တောင်သူများကလည်း ချင်းတူးဖော်ပြီး ပေမယ့် ဈေး ကွက်ကိုမရောင်းချသေးဘဲဈေးကောင်းစောင့်နေကြတယ့်လို့ သိရပါ တယ်။ အကယ် လို့ ဒီနှစ်ချင်းဈေးက သိပ်မကောင်းရင်တော့ ပြုတ်ပြီး ချင်းခြောက်ပဲ ပြုလုပ်တော့ မယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာလည်း အရောင်းအေး နေပါတယ်။ ပြည်တွင်းသုံးအတွက် လက်လီအနည်းငယ်သာ အရောင်းရှိနေပါတယ်။ ဒီတစ်ပတ် ချင်းပေါက်ဈေးမှာတော့ တစ်ပိဿာ ၂၀၀ ကျပ်မှ ၃၅၀ ကျပ်ရှိတယ်လို့ သိရပါ တယ်။ SYH
Background