Main menu

Background

အိန္ဒိယမှ တင်သွင်းတဲ့ နနွင်းများကြောင့် ဘင်္ဂလားဒေ့ရှ် နနွင်းဈေး ပိုမိုကျဆင်းလာ

Mon, 03/12/2012 - 08:19 -- Anonymous (not verified)

    ယခုရာသီအတွင်း နနွင်းဈေးပုံမှန်မရရှိနိုင်တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဈေးကွက်များမှာ နနွင်း ပမာဏများနေ ခြင်းက ဒေသအသီးသီးကစိုက်ပျိုးသူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာပါတယ်။ အိန္ဒိယက ဈေးအနိမ့်နဲ့ တင်သွင်းမှုတွေကြောင့် ဈေးပိုမိုကျဆင်းဖို့ဖြစ်လာခြင်းကလည်း ပြဿနာများစွာရှိစေပါတယ်။ ယခုရာသီမှာ နနွင်းစိမ်း ၄၀ ကီလိုကို တာကာ ၃၀၀-၃၅၀ (တစ်တန်ကန်ဒေါ်လာ ၉၂-၁၀၇)ဈေးနဲ့သာ ရောင်းချခဲ့ရပြီး ယခင်နှစ်က ၄၀ ကီလိုကို တာကာ ၂၀၀၀-၃၀၀၀ (တစ်တန် ကန် ဒေါ်လာ ၆၁၂-၉၁၈)ဈေးနဲ့ ရောင်းချခဲ့ရတယ်လို့ Thakurclhara  ဒေသမှ တောင်သူ Janini  Mohon  Tripura  က ပြောကြားပါတယ်။    ယခုရာသီမှာ နနွင်းတစ်ဧကကို တာကာ ၃၅၀၀၀ (ကန်ဒေါ်လာ ၄၂၈)ခန့် သုံးစွဲခဲ့ရပြီး၊ ကီလို ၂၅၂၀ ရိတ်သိမ်းခဲ့ရပေမယ့် အဲဒီနနွင်းရောင်းတဲ့အခါမှာတော့ တာကာ ၂၃၀၀၀ (ကန်ဒေါ်လာ ၂၈၂)သာရရှိတယ်လို့ ၎င်းင်းက ထပ်လောင်းပြောကြားပါတယ်။ ကုမ္ပဏီငယ်များ အိန္ဒိယက နနွင်းတင်သွင်းနေတဲ့အပေါ် ၎င်းက ပြစ်တင် ဝေဖန်တယ်လို့သိရပါတယ်။    ဈေးကွက်ထဲမှာ ပုံမှန်မဟုတ်ဘဲ ဈေးကျဆင်းနေတာကြောင့် မရောင်းရသေးတဲ့ နနွင်းပမာဏများ ကျန်နေပြီး၊ နနွင်း ခြောက် တစ်တန် တာကာ ၅၀၀၀၀ (ကန်ဒေါ်လာ ၆၁၂)ခန့် ဆုံးရှုံးကြရတယ်လို့ ဆိုပါတယ်။ တစ်ဆက်တည်းမှာ ပြည်တွင်း ကုန်သည်တွေကလည်း နနွင်းလုပ်ငန်းမှာ ရင်းနှီးထားတာတွေလည်း ဆုံးရှုံးရတယ်လို့ Khagraclhari   ဈေးမှ နနွင်းကုန်သည် Swapon  Deunath   က ပြောပါတယ်။ ၎င်းင်းကလည်း အိန္ဒိယနနွင်းတင်သွင်းခြင်းကြောင့် ယခုလို အခြေအနေဖြစ်ရတယ် လို့လည်း ထပ်လောင်းပြောကြားပါတယ်။    ယခုနှစ် ရာသီဥတုကောင်းလို့ အထွက်နှုန်းလည်းကောင်းပေမယ့် ယခုအခါမှာတော့ စိုက်ပျိုးသူတွေ နနွင်း စိုက်ပျိုးမှုကိုပင် ဖျက်ဆီးလိုနေကြတယ်လို့ သိရပါတယ်။ နနွင်း ၃ ဧကမှာ စိုက်ပျိုးဖို့ Krishi ဘဏ်က တာကာ တစ်သိန်း (ကန်ဒေါ်လာ ၁၂၂၄)ချေးယူထားပေမယ့် ယခုလို မမျှော်မှန်းနိုင်တဲ့ဈေးကို ကျဆင်းတာကြောင့် ချေးငွေ ပြန်ဆပ်ဖို့အတွက် စိုးရိမ်နေရတယ်လို့  Latiban   ဒေသမှ နနွင်းစိုက်ပျိုးသူ Kishore  Tripura   မှ ပြောကြားပါတယ်။Khagraclhari  ကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်အသင်း ဒါရိုက်တာ Sudarshan  Dutta ကလည်း သင့်တင့်တဲ့ဈေး ဖြစ်လာအောင် ချက်ချင်းမဆောင်ရွက်ဘူးဆိုရင် တောင်သူများစွာနဲ့ နနွင်းကုန်သည်တစ်သောင်းကျော်တို့ ကြီးမားစွာ ဆုံးရှုံးနိုင် တယ်လို့ဆိုပါတယ်။                                                      ယမင်းခင်၊Source: The dailystar.net