Main menu

Background

အခြေမပျက်သေးတဲ့ ဒေါ်လာဈေးကွက်

Mon, 03/12/2012 - 08:29 -- Anonymous (not verified)

ယခုတစ်ပတ်တွင်လည်း အမေရိကန်ဒေါ်လာဈေးကွက်သည် လှုပ်လှုပ်ရှား ရှား သိပ်မရှိလှဘဲ ငြိမ်ချက်သားကောင်းနေဆဲပင်ဖြစ်သည်။ ပြီးခဲ့သည့်ရက်သတ္တ ပတ် အတွင်းကလည်း အမေရိကန်ဒေါ်လာဈေးကွက်သည် ငြိမ်ချက်သား ကောင်း နေခဲ့သည့်အတွက် ကုန်သည်များ စိတ်ကြိုက်တွေ့နေသည့် ကာလတစ်ရပ်အဖြစ် တည်ရှိခဲ့သည်။ မတ် ၅ရက်က သိမ်ဖြူငွေလဲစင်တာတွင် ရောင်းဈေး ၈၂၉ ကျပ်၊ ဝယ်ဈေး ၈၁၅ ကျပ်ရှိခဲ့ရာ မတ် ၉ ရက်နေ့အထိ အဆိုပါဈေးနှုန်းမှာ ပြောင်းလဲခြင်း မရှိခဲ့သည်ကိုတွေ့ရသည်။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်တွင် မတ် ၅ရက်က အမေရိကန် ဒေါ်လာ ရောင်းဈေး ၈၂၀ ကျပ် ဝယ်ဈေး ၈၁၀ ကျပ်ရှိပြီး အက်ဖ်အီးစီ တစ်ယူနစ်လျှင် ရောင်းဈေး ၈၃၁ ကျပ် ဝယ်ဈေး ၈၁၀ကျပ်ရှိခဲ့သည်ကိုတွေ့ရသည်။ မတ် ၉ ရက် ငွေဈေးပိတ်ချိန်တွင် သိမ်ဖြူငွေလဲစင်တာတွင် ငွေဈေးနှုန်းများ ပြောင်းလဲခြင်းမရှိ သော် လည်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်တွင် အမေရိကန်ဒေါ်လာရောင်းဈေး ၈၂၀ကျပ် ဝယ်ဈေး ၈၁၀ ကျပ်၊ အက်ဖ်အီးစီး တစ်ယူနစ်လျှင် ရောင်းဈေး ၈၂၀ ကျပ်၊ ဝယ်ဈေး ၈၁၀ ကျပ်သို့ ကျဆင်းသွားခဲ့သည်ကိုတွေ့ရသည်။ပြင်ပငွေဈေးကွက်တွင်လည်း အတက်အကျ သိပ်မရှိလှဘဲ တည်ငြိမ်နေ ခဲ့သည်ကို တွေ့ရသည်။ မတ် ၅ ရက်က အမေရိကန်တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၁၅ ကျပ် အက်ဖ်အီးစီတစ်ယူနစ်လျှင် ၈၂၇ ကျပ်ရှိခဲ့ပြီး မတ် ၉ ရက်တွင် အမေ ရိကန်တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၁၂ ကျပ်၊ အက်ဖ်အီးစီတစ်ယူနစ်လျှင် ရောင်း ဈေး ၈၂၃ ကျပ်ရှိခဲ့ကြောင်းသိရသည်။ ပို့ကုန်ဝင်ငွေဈေးနှုန်းမှာမူ အကျဘက်သို့ ဦးတည်နေခဲ့သည်။ မတ် ၅ ရက်က ပို့ကုန်ဝင်ငွေဈေးနှုန်းသည် ၈၄၂ ကျပ်ရှိခဲ့သော် လည်း မတ် ၉ ရက်တွင် ၈၃၂ ကျပ်သို့ ကျဆင်းလာခဲ့သည်။ငွေဈေးတည်ငြိမ်နေမှုကြောင့် ကုန်သည်အများစုမှာ ဈေးနှုန်းတည်ငြိမ်စွာ ဖြင့် အရောင်းအဝယ်ပြုလုပ်နိုင်ခြင်းကြောင့် ကုန်စည်စီးဆင်းမှုမှာ ပိုမိုမြန်ဆန်လာ နိုင်ကြောင်း ကုန်သည်တစ်ဦးက ထင်မြင်ချက်ပေးခဲ့သည်။"အခုဆိုရင် နှစ်ပတ်ဆက်တိုက်ရှိနေပြီ။ ငွေဈေးက ငြိမ်နေတာ။ စင်တာ ဈေးနဲ့ အပြင်ဈေးကလည်း သိပ်မကွာတော့ အလုပ်လုပ်ရတာ အရင်ကထက်ပိုပြီး လုပ်ရဲလာတယ်။ အရင်တုန်းကဆိုရင် ငွေဈေးကိုစောင့်နေရတာ။ ငွေဈေးတက်လာ ပြီဆိုရင် ကိုယ်ရောင်းမယ့် ပစ္စည်းဈေးကို တက်ရတော့မယ်။ ဒါကြောင့် အရင်ကဆို ငွေဈေးအတက်အကျကို စောင့်နေရတာ။ အခုဆို သိပ်ပြီးစိုးရိမ်စရာမလိုတော့ အလုပ်လုပ်ရတာ ပိုပြီးမြန်တာပေါ့။ ဒီလိုမျိုး အတက်အကျနည်းနည်းနဲ့ အလုပ်လုပ် လို့ရရင် စီးပွားရေးက အနှေးနဲ့အမြန်ဆိုသလို တက်လာမှာပဲ"ဟု သုံးသပ်ပြခဲ့သည်။ငွေဈေးကွက်တည်ငြိမ်နေခဲ့သော် လည်းအရောင်းအဝယ်မှာမူပုံမှန်အတိုင်း သာရှိကြောင်း ငွေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ "ဒီဈေးကွက်မှာတော့ အရောင်းအဝယ်က တန့်မသွားပါဘူး။ ဒါပေမယ့်လည်း စင်တာဈေးနဲ့က သိပ်လည်း မကွာဘူး။ နောက်ပြီး အကန့်အသတ်ကလည်း ဒေါ်လာတစ်သောင်းအထိ မရှိဘူး ဆိုတော့ အပြင်နဲ့ စင်တာတွေနဲ့မျှနေတယ်လို့ ပြောရမှာပဲ။ သူ့နေရာနဲ့ သူတော့ အလုပ်ဖြစ်နေတာပဲ။ ဒေါ်လာထက်စာရင်တော့ အက်ဖ်အီးစီက ပိုပြီးအဝယ်လိုက် တယ်။ ဒါကလည်း ထုံးစံအတိုင်းပါပဲ။ ကားလိုင်စင်ကိစ္စတွေကြောင့် အက်ဖ်အီးစီ ဈေးက ဒေါ်လာထက်မြင့်နေသလို သူက အဝယ်ပိုများတယ်"ဟု သုံးသပ်ပြခဲ့သည်။ မယ်သီတာ