ချင်းရွှေဟော်နယ်စပ်မှ ဓာတ်ဆီတင်သွင်းမှု ထူးထူးခြားခြားရှိလာမတ်လပထမပတ်အတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ၈၀၀၀ တန်ဖိုးရှိ ဓာတ်ဆီ ၂၃၁၀ ဂါလန် တင်သွင်းမှုကို ထူးထူးခြားခြား တွေ့ရှိရပါတယ်။ ကျန်နယ်စပ်စခန်းများမှ ဓာတ်ဆီတင်သွင်းမှု ယခုအပတ်မှာ မရှိပါဘူး။ ဒီဇယ်ဆီကိုတော့ တာချီလိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၇ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၂၃၁၂၉ ဂါလန်နဲ့ ကော့သောင်းနယ်စပ်မှ ကန် ဒေါ်လာ သုည ဒသမ ၀၂၆ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၁၃၁၂၅ ဂါလန်၊ ကန်ပိုက်တီး နယ်စပ်စခန်းမှ ကန်ဒေါ်လာ ၀ ဒသမ ၂၃၀ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၅၇၇၅၀ ဂါလန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ဂါလန် ၈၁၆၀၀ ကျော် တင်သွင်း မှု လျော့နည်းခဲ့ပါတယ်။ နယ်စပ်မှ ဖေဖော်ဝါရီလထိ ၁၁ လတာကာလမှာ ဓာတ်ဆီ ၁၁၅၆၇၇၅ ဂါလန်နဲ့ ဒီဇယ်ဆီ ၈၇၉၅၈၀၄ ဂါလန် တင်သွင်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOBT) ပြည်တွင်း လက်လီအရောင်းဈေး ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- မတ်လ ၂၀၁၂ ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်) ရက် နေပြည်တော် ရန်ကုန် မန္တလေး နေပြည်တော် ရန်ကုန် မန္တလေး ၅ ၄၀၀၀ ၄၀၀၀ ၄၀၀၀ ၄၀၀၀ ၃၉၀၀ ၄၀၀၀ ၆ ၄၀၀၀ ၄၀၀၀ ၄၀၀၀ ၄၀၀၀ ၃၉၀၀ ၄၀၀၀ ၇ ၄၀၀၀ ၄၀၀၀ ၄၀၀၀ ၄၀၀၀ ၃၉၀၀ ၄၀၀၀ ၈ ၄၀၀၀ ၄၀၀၀ ၄၁၀၀ ၄၀၀၀ ၃၉၀၀ ၄၀၀၀ ၉ ၄၀၀၀ ၄၀၀၀ ၄၁၀၀ ၄၀၀၀ ၃၉၀၀ ၄၀၀၀ ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်-မတ်လ ၂၀၁၂ ရက် အောက်တိန်း(ကျပ်) ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်) အဆင့်မြင့်ဒီဇယ်(ကျပ်) ၅ ၃၉၀၀ ၃၅၅၀ ၃၉၅၀ ၄၁၀၀ ၆ ၃၉၀၀ ၃၅၅၀ ၃၉၅၀ ၄၁၀၀ ၇ ၃၉၀၀ ၃၅၅၀ ၃၉၅၀ ၄၁၀၀ ၈ ၃၉၀၀ ၃၅၅၀ ၃၉၅၀ ၄၁၀၀ ၉ ၃၉၀၀ ၃၅၅၀ ၃၉၅၀ ၄၁၀၀ ၂-၃-၂၀၁၂ မှ ၈-၃-၂၀၁၂ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်း များ စဉ်နယ်စပ်စခန်း ရေတွက်ပုံ ဓာတ်ဆီဈေးနှုန်း ဒီဇယ်ဈေးနှုန်း တရုတ် (ကျပ်) (ကျပ်) ၁။ မူဆယ် ဂါလန် 3900 4000 ၂။ လွယ်ဂျယ် ဂါလန် 4000 3800 ၃။ ချင်းရွှေဟော် ဂါလန် 4000 4000 ထိုင်း (ကျပ်) (ကျပ်) ၁။ ကော့သောင်း ဂါလန် 3600 3541 ၂။ မြဝတီ ဂါလန် 3400 3400 ၃။ တာချီလိတ် ဂါလန် 3808 3865 အိန္ဒိယ (ကျပ်) (ကျပ်) ၁။ တမူး ဂါလန် 4500 4450 ဘင်္ဂလားဒေ့ရှ် (ကျပ်) (ကျပ်) ၁။ စစ်တွေ ဂါလန် 4800 3500 ၂။ မောင်တော ဂါလန် 6000 4000
Background