စီးပွားရေး ထွန်းသစ်စနိုင်ငံတွေမှ ဗဟိုဘဏ်တွေက အရန်သိုလှောင်ထား ရှိတဲ့ နိုင်ငံခြားငွေများ (ကန်ဒေါ်လာ နဲ့ ယူရိုငွေများ) တန်ဖိုး ကျဆင်းနေမှု ကြောင့် ဆုံးရှုံးသွားမှုကို ကာကွယ်ဖို့ ရွှေချောင်းတွေ ဝယ်ယူသိုလှောင်လျက် ရှိရာ ကာဇက်စတန်နိုင်ငံ ဗဟိုဘဏ်က လည်း ၂၀၁၂ ခုနှစ် ပထမ ၃ လပတ် အတွင်း အောင်စပေါင်း ၆၉၀၀၀ ရှိ ရွှေချောင်းတွေကို ကန်ဒေါ်လာ ၁၂၂ သန်း ကုန်ကျခံပြီး ဝယ်ယူသွားမယ်လို့ သိရတယ်။ကာဇက်စတန်နိုင်ငံက ကမ္ဘာ့ရွှေ ဈေးကွက်မှာ အဝယ်များတဲ့နိုင်ငံဖြစ် လာခဲ့ပြီး လွန်ခဲ့တဲ့ခြောက်လအတွင်းက လည်း ရွှေအောင်စပေါင်း ၇၀၀၀၀၀ ကျော် ဝယ်ယူတင်သွင်းခဲ့တယ်လို့ သိရ တယ်။ Source:fobusiness.com၊ ပပ
Background