ဈေးကွက်အတွင်း ဈေးငြိမ်စွာနဲ့ရှိနေတဲ့ မြေသြဇာဈေး

မြေသြဇာ တန် ရှစ်ဆယ်ကျော် အဝင်လျော့ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်  ၃ ရက်တာကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၄၁၈ ဒသမ ၁၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ လေးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာက တရုတ်နိုင်ငံမှ စူပါဖော့စဖိတ် မြေသြဇာ တန်ချိန်  ၄၀၀ ဒသမ ၁၀၊ ဗီယက်နမ်နိုင်ငံမှ ကွန်ပေါင်းမြေသြဇာက တန်ချိန် ၇၅၀၊ စင်ကာပူနိုင်ငံမှ မြေသြဇာ တန်ချိန် ၂၂၅၊  ထိုင်းနိုင်ငံမှ မြေသြဇာ ၄၃ တန် အသီးသီး မှာယူတင် သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် မြေသြဇာတင်သွင်းမှုက တန်ချိန် တစ်ထောင့် ငါးရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ရှစ်ဆယ်ကျော် လျော့ နည်းပြီး တင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။  လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဖေဖော်ဝါရီလ မြေသြဇာတင်သွင်းမှုက တန်ခြောက်ထောင့်လေးရာကျော်ရှိခဲ့ပြီး ဇန်နဝါရီလ မြေသြဇာတင်သွင်းမှုက  တန် ချိန် ငါးထောင်ကိုးရာကျော်ရှိခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ မြေသြဇာတင်သွင်း မှုက တန်ချိန်ငါးရာကျော် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။   MIRT (DOT)နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၁၁၇၄၀ ကျော် အသွင်းရှိဖေဖော်ဝါရီ ၂၉ ရက်မှ မတ် ၆ ရက်ထိကာလမှာ နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ ၁ ဒသမ ၉၆၇ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၁၇၄၁ တန် တင်သွင်းမှုရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၁၀၅၄ ပိုမိုတင်သွင်းခဲ့ပါတယ်။ နယ်စပ် အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၀၃၉၇ တန်၊ တာချီလိတ်မှ ၃၉ တန်ခန့်၊ ကော့သောင်းမှ ၅၄ တန်နဲ့ ရိဒ်မှ ၂၅၂ တန်ကျော် အသီးသီးဖြစ်ပါ တယ်။ ဖေဖော်ဝါရီလမှာ ၄၄၈၁၂ တန်တင်သွင်းထားပြီး ဧပြီလမှ ဖေဖော်ဝါရီလထိ ၆၀၈၀၅၆၉ တန် တင်သွင်းထားပြီးဖြစ်ပါတယ်။ မူဆယ်မှ ယခုအပတ်မှာ အများဆုံး တင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ နိုက်တြိတ်ဖော့စဖိတ်၊ ကွန်ပေါင်း ၁၀း၁၀း၅၊ ယူရီးယား၊ အမိုးနီးယမ်းနိုက်တြိတ်နဲ့ ကွန်ပေါင်း ၁၅း၅း၅ တို့ ဖြစ်ပါ တယ်။                                              MIRT (DOBT) ဈေးကွက်အတွင်း ဈေးငြိမ်စွာနဲ့ရှိနေတဲ့ မြေသြဇာဈေးမော်လမြိုင်ဈေးကွက်မှာတော့ စိုက်ပျိုးရာသီချိန် မရောက်သေးလို့ အသုံး နည်းပြီး အရောင်းအေးနေကြောင်း ဓာတ်မြေသြဇာအရောင်းဆိုင်မှ  တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။ အရောင်းအေးတာနဲ့အမျှ ဈေးကလည်း အကျဘက်မှာဘဲ ဆက်လက်ရှိနေပါတယ်။ ဒီတစ်ပတ်မြေသြဇာဈေးက ယခင်တစ်ပတ်ထက် ၅၀၀ ကျပ်မှ၁၅၀၀ ကျပ်ဝန်းကျင် ဈေးကျလာတယ်လို့ သိရပါတယ်။ အကျဈေးနဲ့ ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်တဲ့ မြေသြဇာက ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ် က၂၁၅၀၀ ကျပ်၊ တီစူပါ ၄၆ % (သံကွင်း-တရုတ်) က ၂၆၀၀၀ ကျပ် ၊ တီစူပါ ၄၆ %(မြှား-တရုတ်) ၂၅၀၀၀ ကျပ်၊ တီစူပါ ၁၆%(မြှားကမ္ဘာ) တရုတ်က ၁၂၀၀၀ ကျပ် ဖြစ်ပြီး ယခင်တစ်ပတ်ဈေးအတိုင်း မပြောင်းလဲဘဲရှိနေတဲ့ မြေသြဇာက ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း)က ၃၅၀၀၀ ကျပ် ၊ ကွန်ပေါင်း (ပန်းရောင်) (၁၅း၁၅း၁၅) ၃၁၀၀၀ ကျပ်နဲ့ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က  ၃၀၀၀၀ ကျပ်ဈေးတို့ဖြစ်ကြောင်း သိရှိရပါတယ်။ပဲခူးတိုင်းဒေသကြီးမြေသြဇာဈေးကွက်ကတော့ အရောင်းပုံမှန်ရှိတယ်လို့ သိရပါတယ်။ အရောင်းပုံမှန်ရှိပြီး ဈေးကလည်း အတက်အကျမရှိဘဲ တန်းနေတယ် လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ယူရီးယား-ပုလဲ(ပန်းဖူး) ၂၂၀၀၀ ကျပ်၊ ယူးရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၀၅၀၀ ကျပ်နဲ့ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၁၀၀၀ ကျပ်ဈေးနဲ့ ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။မန္တလေးမြေသြဇာဈေးကွက်မှာ  အရောင်းအဝယ်က အေးနေတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အရောင်းအေးတာနဲ့အ မျှ ဈေးကလည်း တစ်အိတ်ကို နှစ်ရာကျပ်မှ ငါးရာကျပ်အတွင်းကျနေတယ် လို့ သိရပါတယ်။ အာမို(ဒိုင်းမွန်းစတား)က ယခင်တစ်ပတ်ဈေးအတိုင်း မပြောင်းဘဲ ၃၇၀၀၀ ကျပ်ဈေးရှိပြီး ယူရီးယား(ရွှေတောင်-တရုတ်) ၁၉၀၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%) တရုတ်က ၂၀၈၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%) တရုတ်က ၈၁၀၀ ကျပ်၊ တီစူပါ (GTSP  ၁၂%) တရုတ်က ၇၆၀၀ ကျပ်နဲ့ ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်) ၂၆၀၀၀ ကျပ်ဈေးနဲ့ ဈေးကွက်အ တွင်း အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအေးတယ်လို့ အရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ဒီတစ်ပတ်မြေသြဇာဈေးက ယခင်တစ်ပတ် ဈေးနဲ့ကြည့်ရင် နှစ်ရာကျပ်မှ နှစ်ထောင်ကျပ်အတွင်း ဈေး ကျလာတယ်လို့ သိရပါ တယ်။ မြှားကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ) ၁၅၀၀၀ ကျပ်၊ ဆင် (၁၀း၁၀း၅)က ၁၄၃၀၀ ကျပ်၊ မြှားကမ္ဘာ-တရုတ် ၁၂း၁၃ (အစိမ်း) က ၁၄၉၀၀ ကျပ်၊ အာမို (၁၀း၁၀း၆) ၁၆၀၀၀ ကျပ်၊ အာမို(၁၅း၁၅း၁၅) ၃၆၀၀၀ ကျပ်၊ အာမို(၁၆း၁၆း၈) ၃၃၃၀၀ ကျပ်၊ ယူရီးယားပုလဲ(ပန်းဖူး-တရုတ်) ၂၁၂၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၀၂၀၀ ကျပ်၊ တောင်သူ မ ၁၄၂၀၀ ကျပ်၊ ပိုတက် ၂၅၀၀၀ ကျပ်ဈေးနဲ့ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းပုံမှန်ရှိတယ်လို့ သိရ ပါတယ်။ ဒီအချိန်မှာ ကွန်ပေါင်း(၁၃း၅း၇)နဲ့ မြှားကမ္ဘာ ၁၂း၁၃ တို့က ပုံမှန်အရောင်း ရှိတယ်လို့ ပြောပါတယ်။ ကျန်တဲ့မြေသြဇာတွေက အရောင်းအေးတယ်လို့ အရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ဈေးက ယခင်တစ်ပတ်ထက် နှစ်ရာကျပ်မှ နှစ်ထောင်ကျပ်အတွင်း ဈေးကျတယ်လို့ ပြောပြပါတယ်။ ဒီတစ်ပတ်မှာ မြေသြဇာ ဈေးက ယူရီးယား(ရွှေတောင်-တရုတ်) ၁၈၇၀၀ ကျပ်၊ တီစူပါ(သံကွင်း-တရုတ်) ၂၀၈၀၀ ကျပ်၊ တီစူပါ ၁၆% ၈၁၀၀ ကျပ်၊ တီစူပါ ၁၂% ၇၆၀၀ ကျပ်၊ ပိုတက် (အိန္ဒိယ) ၂၃၀၀၀ ကျပ်၊ ကွန်ပေါင်း (၁၅း၁၅း၁၅-တရုတ်) တိုးနယားက ၂၃၅၀၀ ကျပ်နဲ့ မြှားကမ္ဘာ ၁၂း၁၃ ၁၃၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။                                                 MIRT (DOT)