ဒီတစ်ပတ် ဘိလပ်မြေ တန်လေးသောင်းကျော်ဝင်ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၃ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၄၃၃၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးဆယ့်ငါးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင်ငံ မှ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၁၃၄၀၀ တန်နဲ့ အခြား ဘိလပ်မြေမျိုးစုံ ၂၉၉၀၀ တန် အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။၊ ဒီတစ်ပတ်တင်သွင်းမှုထဲမှာ အခြားတံဆိပ် ဘိလပ်မြေက တန်ချိန်အများဆုံး တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ငါးသောင်းလေးထောင်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်ဘိလပ်မြေ တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် တစ်သောင်းတစ်ထောင်ကျော် လောက်လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇန်နဝါရီလ ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ခုနှစ်သောင်းရှစ်ထောင်ကျော်ရှိခဲ့ပြီး ဖေဖော်ဝါရီလ ဘိလပ်မြေတင်သွင်းမှုက တန် ချိန် တစ်သိန်းခုနစ်သောင်းကျော်ရှိခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ တန်ချိန် နှစ်ဆ ကျော် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT(DO T)ချင်းရွှေဟော်နဲ့ တာချီလိတ်မှအသွင်းပိုပြီး မြိတ်မှ အသွင်းလျော့တဲ့ဘိလပ်မြေဖေဖော်ဝါရီ ၂၉ ရက်မှ မတ် ၆ ရက်ထိကာလမှာ နယ်စပ်စခန်းများရဲ့ ဘိလပ်မြေတင်သွင်းမှုမှာ တာချီလိတ်မှ ၁၂၀၁ တန်ကျော်၊ ကန်ပိုက်တီးမှ ၆၅၇ တန်၊ မြိတ်မှ ၄၄၈ တန်နဲ့ ကော့သောင်းမှ ၃၁၈ တန်ကျော်၊ ချင်းရွှေဟော်မှ ၃၀၈ တန်၊ စုစုပေါင်း ၂၉၃၂ တန်ကျော်ဖြစ်ပါတယ်။ ဧပြီလမှ ဖေဖော်ဝါရီလထိ ၁၀၃၉၁၆ တန် နယ်စပ်မှတင်သွင်းထားပြီး ဖြစ်ပါတယ်။ MIRT(DOBT)အရောင်းသွက်ပေမဲ့ ဈေးကတော့ ပုံမှန်လေးပဲရှိနေတဲ့ ဘိလပ်မြေမော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက ဈေးအနည်းငယ်တက်တယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဈေးအနည်းငယ်တက်ပေမဲ့ အရောင်း အဝယ်က ပုံမှန်ရှိနေတယ်လို့ပြောပါတယ်။ ဈေးကယခင်တစ်ပတ်ဈေးထက် တစ်ရာ ဝန်းကျင်လောက်ပဲတက်တယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်းဈေးက ဆင် (ထိုင်း) ၄၉၀၀ ကျပ်နဲ့ ကြံ့(မြိုင်ကလေး) ၄၃၀၀ ကျပ် တို့ဖြစ်တယ်လို့ သိရပါတယ်။ပဲခူးတိုင်းဒေသကြီး ဘိလပ်မြေဈေးကွက်က အရောင်းပုံမှန်ရှိတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ပဲခူးဘက်မှာက ဆင်(ထိုင်း) နဲ့ စိန်(ထိုင်း) အသုံးများတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ် တဲ့ဈေးက ဆင်(ထိုင်း) တစ်အိတ်ကို ၅၃၀၀ ကျပ်၊ စိန်(ထိုင်း) ၅၀၀၀ ကျပ်နဲ့ ကြံ့ (မြိုင်ကလေး) ၄၃၀၀ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ပုံမှန်ရှိတယ်လို့ သိရပါ တယ်။ ဆောက်လုပ်ရေးလုပ်ငန်းများလည်း ပုံမှန်ရှိနေတာကြောင့် အ ရောင်းအဝယ် ကလည်း ပုံမှန်လေးပဲသွားနေတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါ တယ်။ မကွေးဘက်က ဆင်(ထိုင်း)နဲ့ မြင်းခေါင်းပဲ အသုံးများတယ်လို့ ဆိုပါတယ်။ ဈေးက အပြောင်းအလဲမရှိဘဲ တန့်နေတယ်လို့သိရပါတယ်။ ဆင်(ထိုင်း) တစ်အိတ် ကို ၅၉၀၀ ကျပ်နဲ့ မြင်းခေါင်းတစ်အိတ်ကို ၄၂၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းသွက်တယ်လို့ အရောင်းဆိုင် မှဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အရောင်းသွက်ပေမဲ့ ဈေးကပုံမှန်ပဲရှိနေတယ်လို့ ပြောပါတယ်။ အေသုံးလုံးက တစ်အိတ်ကို ၅၃၀၀ ကျပ်၊ မြန်မာဆင်က ၅၀၀၀ ကျပ်၊ ဆင်(ထိုင်း) တစ်အိတ်ကို ၅၉၀၀ ကျပ်၊ စိန်(ထိုင်း)က ၅၉၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်) တစ်အိတ်ကို ၄၈၀၀ ကျပ်၊ ကျားခေါင်း တစ်အိတ်ကို ၅၂၀၀ ကျပ်နဲ့ မြင်းခေါင်းတစ်အိတ် ၄၆၀၀ ကျပ်ဈေးရှိတယ်လို့ သိရှိရပါတယ်။ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ် သွက် တယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ အရောင်း သွက်ပေမဲ့ ဈေးကအတက်တကျသိပ်မရှိဘူးလို့ ပြောပါတယ်။ ဒီတစ်ပတ် ဘိလပ်မြေဈေးက ဆင်(ထိုင်း) ၄၈၅၀ ကျပ်၊ စိန်(ယိုးဒယား) ၄၇၀၀ ကျပ်၊ ကျောက်ဆူး ၄၅၀၀ ကျပ်၊ Blue Lion ၄၅၀၀ ကျပ် နဲ့ မြင်းခေါင်း ၃၈၀၀ ကျပ် ဈေးအသီးသီးရှိတယ် လို့ သိရပါတယ်။ MIRT(DOBT)
Background