Main menu

Background

OK နို့စိမ်းသာအ ဝင်ရှိခဲ့

Mon, 03/12/2012 - 08:46 -- Anonymous (not verified)

OK နို့စိမ်းသာအ ဝင်ရှိခဲ့ဒီသီတင်းပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၃ရက်တာကာလ အတွင်း နို့စိမ်း ၂၀၂ ဒသမ ၂၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်း ရှစ်သောင်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင် သွင်းခဲ့ပါတယ်။ဒီတစ်ပတ်မှာ OK နို့စိမ်း တစ်မျိုးသာ တင်သွင်းခဲ့တာ တွေ့ရပါ တယ်။ နို့ဆီကဒီတစ်ပတ်မှာ တင်သွင်းမှု မရှိခဲ့ပါဘူး။ လချုပ်အနေနဲ့ကြည့်မယ် ဆိုရင် ဇန်နဝါရီလ နို့ဆီ၊ နို့စိမ်း တင် သွင်းမှုက တန်ချိန် ငါးရာ့ငါးဆယ်ကျော် ရှိခဲ့ပြီး ဖေဖော်ဝါရီလရဲ့ နို့ဆီ၊ နို့စိမ်းတင် သွင်းမှုက တန်ချိန် ကိုးရာကျော်ရှိခဲ့တာ ကြောင့် ဖေဖော်ဝါရီလမှာ နို့ဆီ၊နို့စိမ်း တန်လေးရာနီးပါး အဝင်ပိုခဲ့ပါတယ်။နို့မှုန့်က သြစတြေးလျနိုင်ငံ၊ နယူး ဇီလန်နဲ့ USA တို့မှ ၁၀၄ ဒသမ ၀၃ တန် မှာယူတင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ် နို့မှုန့်တင်သွင်းမှုက တန် ရှစ်ဆယ်ကျော်  ရှိခဲ့တာကြောင့် ဒီတစ် ပတ်  နို့မှုန့်အဝင်နဲ့ယှဉ်ရင် တန် ၃၀ နီးပါး ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါ တယ်။       MIRT(DOT)နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် သုံးမျိုးလုံးအသွင်းရှိမြန်မာ-ထိုင်း  နယ်စပ်ရှိ  ကော့ သောင်းနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၄၁သန်း တန်ဖိုးရှိ နို့စိမ်း ၁၄၆ တန်(၇၇၀၀ တာ)နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၁ သန်းတန်ဖိုးရှိ နို့ဆီ ၁၁ ဒသမ ၃၇ တန် (၆၀၀ တာ) ကို ဖေ ဖော်ဝါရီ ၂၉ ရက်မှ မတ် ၆ ရက်ထိ ကာလအတွင်းမှာ တင်သွင်းမှုရှိခဲ့ပါ တယ်။ ယခင်အပတ်က နို့ဆီတင်သွင်းမှု မရှိခဲ့ဘဲ ယခုအပတ်မှာ ပြန်လည်တင် သွင်းတာ တွေ့ရပါတယ်။ နို့စိမ်းကိုတော့ ယခင်အပတ်ကထက် ၁၁၆ တန်ခန့် (၆၁၀၀ တာ) ပိုမိုတင်သွင်းခဲ့ပါတယ်။ ကော့သောင်းမှာ နို့ဆီ ၁ တာကို ၂၆၈၀၀ကျပ်၊ နို့စိမ်း ၁ တာကို ၂၇၈၄၀ ကျပ်နဲ့ တစ်ဖက်နိုင်ငံပေါက်ဈေးမှာ နို့ဆီ ၆၂၀ ဘတ်နဲ့ နို့စိမ်း ၆၄၀ ဘတ် အသီး သီးဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ နို့ဆီ ၇၂၆၃ တာ၊ နို့စိမ်း ၂၀၈၈၃ တာနဲ့ ဧပြီလမှ  ဖေဖော်ဝါရီလထိ နို့ဆီ           ၁၈၃၉ တန် (၉၇၀၀၀ တာ) နဲ့ နို့စိမ်း ၄၀၉၂ တန် ( ၂၁၅၈၀၈ တာ) နယ်စပ် မှ တင်သွင်းထားပြီး ဖြစ်ပါတယ်။မူဆယ်နယ်စပ်မှ ယခုအပတ်မှာ နို့မှုန့် ၃၈ တန် ကန်ဒေါ်လာ သုည ဒသမ ၁၀၈ သန်းဖိုး တင်သွင်းခဲ့ရာ ယခင်အပတ်ကထက် ၁၀ တန်ခန့် ပိုမို တင်သွင်းနိုင်ခဲ့ပါတယ်။ ဧပြီလမှ ဖေ ဖော်ဝါရီလထိ နို့မှုန့် ၃၄၄၂၃ တန် နယ် စပ်မှ တင်သွင်းထားပြီး ဖြစ်ပါတယ်။ MIRT(DOBT)