ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခုတစ်ပတ်လည်း တန် ၄၅၀ ကျော်သာရှိလို့ ယခုလပိုင်း အပတ်စဉ်တင်ပို့မှုမှာ တန် ၅၀၀ အောက်မှာသာရှိနေကြောင်း သိရပါတယ်။ ဒီတစ်ပတ်မှာလည်း စင်ကာပူ၊ ဂျပန်နဲ့ ကိုရီးယားတို့ကို တင်ပို့ပါတယ်။ ၂၀၁၂ ဖေဖော်ဝါရီလ တစ်လလုံးမှာ နှမ်းတန်ချိန် ၂၅၀၀ ကျော် တင်ပို့မှုရှိပြီး ဇန်နဝါရီလအတွင်းမှာ တန်ချိန် ၃၅၀၀ ကျော် ထိတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ၂၀၁၁ဖေဖော်ဝါရီလမှာတော့တန်ချိန် ၁၇၀၀ ခန့်သာရှိလို့ ယခုနှစ် ဖေဖော်ဝါရီလမှာ ပိုမို တင်ပို့နိုင်တာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ ယခုတစ်ပတ် (မတ်လ ၃-၉ ရက်) အတွင်း နှမ်းတန်ချိန် ၁၅၂ တန် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ရန်ကုန် FOB ဈေးမှာ ၂၀၁၁ နိုဝင်ဘာလ ဈေးအတိုင်း ပြောင်းလဲမှုမရှိကြောင်း သိရပါတယ်။MIRT - MAPT
Background