Main menu

Background

ယခုအပတ် နယ်စပ်မှ နှမ်းအပို့ပို

Mon, 03/12/2012 - 08:49 -- Anonymous (not verified)

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၅၇၅ သန်းတန်ဖိုးရှိ နှမ်းနက် တန် ၂၇၀ ခန့်၊ နှမ်းဖြူ ၁၂၁ တန်ကျော်နဲ့ နှမ်းဖြူ(အခွံချွတ်)  ၁၈ တန်ခွဲကို ဖေဖေါ်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၃၂၂ တန်သာ တင်ပို့ခဲ့တာမို့ ယခုအပတ် မှာ ၈၈ တန်ခန့် တင်ပို့မှု ပိုမိုခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ နယ်စပ်မှ နှမ်း ၅၁၆၈ တန်ခန့် တင်ပို့ခဲ့ပြီး ဧပြီလမှ ဖေဖော်ဝါရီလထိ နယ်စပ်မှ နှမ်းရောင်စုံ တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၈၀၀၀၀ ကျော် ရှိပြီဖြစ်ပါတယ်။ မြေပြင်ပေါက်ဈေးများကို ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက မိမိဘက်မြေပြင်ဈေး အနည်းငယ်သာမြင့်တက်သော် လည်း တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်-                    မိမိဘက်(ကျပ်/တန်)                                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                         ယခု           ယခင်            ပြောင်းလဲမှု     %       ယခု      ယခင်      ပြောင်းလဲမှု    %နှမ်းဖြူ    ၉၇၁၅၇၁      ၉၆၈၁၉၁             ၂၃၀၀        ၀ .၂    ၁၂၇၀    ၁၂၇၀               -          -နှမ်းနက်    ၉၃၁၇၆၀    ၉၂၈၇၆၀              ၃၀၀၀       ၀ .၃    ၁၃၄၉    ၁၃၄၉               -          -MIRT (DOBT)