Main menu

Background

မူဆယ်မှ ပဲပုပ်စေ့ အပို့ပို

Mon, 03/12/2012 - 08:51 -- Anonymous (not verified)

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၀၉၅ သန်း တန်ဖိုးရှိ ပဲပုပ်စေ့ ၁၃၈ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ် က ထက်တန် ၂၀ ကျော် အပို့ပိုခဲ့ပါ တယ်။ ဖေဖော်ဝါရီလမှာ ပဲပုပ်စေ့ ၃၆၈ တန်ကျော် တင်ပို့ခဲ့ပြီး ဧပြီလမှ ဖေဖော် ဝါရီလကုန်ထိပဲပုပ်စေ့တန် ၁၁၀၀ နီးပါး နယ်စပ်မှ တင်ပို့ထားပြီး ဖြစ်ပါတယ်။ နှစ်ဖက်မြေပြင်ပေါက်ဈေးများကို ယခင် အပတ်ပေါက်ဈေးနဲ့ နှိုင်းယှဉ်ရာမှာ မိမိ ဘက်မြေပြင်ဈေး တစ်တန်ကို ကျပ် ၆၀၀၀ပိုမိုခဲ့သော်လည်း တစ်ဘက်နိုင်ငံ ဈေးကတော့ ပြောင်းလဲမှုမရှိခဲ့ပါဘူး။ယခုအပတ်မိမိဘက်မြေပြင်ပေါက်ဈေးမှာ ပဲပုပ်စေ့ တစ်တန်ကို ၅၆၆၀၁၆ ကျပ်နဲ့ တစ်ဖက်နိုင်ငံဈေးကတော့ ၆၆၇ ဒေါ် လာ ပေါက်နေပါတယ်။     MIRT (DOBT)