Main menu

Background

နှမ်းဈေးနဲ့အတူ ဆီဈေးပါမြင့်လာတဲ့ ပြည်ဈေးကွက်

Mon, 03/12/2012 - 08:53 -- Anonymous (not verified)

    ပြည်ဈေးကွက်မှာ ယခုအချိန် နှမ်းအဝင်မရှိလို့ လှောင်နှမ်းများကိုထုတ်ကာ ရောင်းဝယ်နေလို့ နှမ်းဈေးမှာ ယခင်အပတ်ထက် ဈေးမြင့်လာတာတွေ့ရပါတယ်။ လက်ကျန်နည်းနေပြီဖြစ်တဲ့ နှမ်းနီကို ဆီစက်သမားများမှ ပုံမှန်အဝယ်ရှိခြင်း၊ နှမ်း နက်ကို တရုတ်ပြည်ဝယ်လက်များမှ အဝယ်ရှိခြင်းကြောင့် နှမ်းဈေးမြင့်လာတာ တွေ့ရပါတယ်။ နှမ်းနီ ၄၅ ပိဿာတစ်အိတ် ၆၈၀၀၀ ကျပ်၊ နှမ်းနက် ၄၅ ပိဿာတစ်အိတ် ၉၀၀၀၀ ကျပ်ဈေးနဲ့ တစ်နေ့အိတ် ၉၀၀ ခန့် အရောင်းအဝယ် ဖြစ်တာတွေ့ရပါတယ်။ နှမ်းဈေးမြင့်သလို ဆီဈေးမှာလည်း  တစ်ပိဿာ ၃၂၀၀ ကျပ်ဈေးထိ ဈေးမြင့်လာတာတွေ့ရပါတယ်။                        ဝေေ၀မင်း