Main menu

Background

မြေပဲဈေးမြင့်တက်မှုကြောင့် အိန္ဒိယဆီစက်လုပ်ငန်းရှင်များ အခက်အခဲဖြစ်နေ

Mon, 03/12/2012 - 08:54 -- Anonymous (not verified)

    တစ်လအတွင်း မြေပဲဆီဈေး မြင့်တက်လာခြင်းက ဂူဂျာရတ်ရှိ ဆီစက်လုပ်ငန်းရှင် များအနေနဲ့ ၎င်းတို့ထုတ်လုပ်မှုကိုလျှော့ချပေးဖို့ ဖြစ်စေသလိုအချို့သော ဆီစက်လုပ်ငန်း ရှင်များလည်း စက်လည်ပတ်မှုရပ်ရတဲ့တိုင် ဖြစ်စေတယ်လို့ သိရပါတယ်။ ၉၀ ရာခိုင်နှုန်း ကျော်တဲ့ ဆီစက်များက ပိတ်ဖို့ဖြစ်လာပြီး ကျန်ဆီစက်များမှာလည်း တစ်ပတ်အတွင်း အချိန်ပိုင်းသာလည်ပတ်ကြရတယ်လို့ သိရပါတယ်။    ဂူဂျာရတ်မှာ မြေပဲဆီစက်အသေးစားနဲ့ အလတ်စား ၂၅၀ လုံးရှိတဲ့အနက် ဆီစက် ၁၅-၂၀ လုံးသာတစ်ပတ်ကို ၂ ရက်- ၃ရက်လည်ပတ်ကြရပါတယ်။ဆီကြိတ်ခွဲဖို့ မြေပဲ တောင့်ပြတ်လပ်တာကြောင့်မြေပဲဆီဈေးက လွန်ခဲ့တဲ့တစ်လအတွင်း မြင့်တက်ခဲ့ရာ ၁၅ ကီလိုပါ တစ်ဘူးကို ရူပီး ၁၈၉၀-၁၉၀၀ (ကန်ဒေါ်လာ ၃၇ ဒသမ ၅၈- ၃၇ ဒသမ ၇၈)ဈေးရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့တစ်လကျော်မှာ မြေပဲဆီဈေးဟာ တစ်ဘူးကို ရူပီး ၁၃၀ (ကန်ဒေါ်လာ ၂ ဒသမ ၅၈)ခန့် မြင့်တက်ခဲ့ပါတယ်။    မတ်လ ၆ ရက်နေ့မှာ မြေပဲဆီအလွတ်က ၁၀ ကီလိုကို ရူပီး ၁၁၃၅-၁၁၄၀ (ကန်ဒေါ်လာ ၂၂ ဒသမ ၅၇ -၂၂ ဒသမ ၆၇) ဈေးရှိချိန် ၁၅ ကီလိုပါ တစ်ဘူးကို ရူပီး ၁၀ မြင့်တက်ပြီးကန်ဒေါ်လာ၃၇ဒသမ၅၈ - ၃၇ ဒသမ ၇၈ ဝန်းကျင်နဲ့ ရောင်း ဝယ်ခဲ့ ကြပါတယ်။ မြေပဲဈေးက လွန်ခဲ့တဲ့ တစ်လကျော်အတွင်း တစ်တန်ကို ရူပီး ၇၂၀၀၀-၇၂၅၀၀(ကန်ဒေါ်လာ၁၄၃၂-၁၄၄၂)ကိုမြင့်တက်ခဲ့ပါတယ်။ဂူဂျာရတ် ဈေး ကွက်ကို မြေပဲဝင်ရောက်မှုဟာ တစ်ရက်ကို အိတ် ၁၇၀၀၀-၂၀၀၀၀ ဝန်းကျင်ရှိနေ တယ်လို့ သိရပါတယ်။    " မြေပဲဆီလုပ်ငန်းက မကောင်းပါဘူး။ ဆီရာသီစကတည်းက ယခုနှစ်ဟာ ဆိုးဝါး တဲ့ နှစ်ပါပဲ၊ ကြိတ်ခွဲဖို့ မြေပဲမလုံလောက်ဘူး။ ပဲဆီဈေးမြင့်တက်ရက် လူတိုင်းက ဆီ စက်သမားတွေကို ဝေဖန်ကြတယ်။ ဒါပေမယ့် ကြိတ်ခွဲဖို့ မြေပဲလက်ကျန်မရှိတာတော့ မသိကြဘူးလို့ '' Saurashtra  ဆီစက်လုပ်ငန်းရှင်များအသင်း (SOMA)ဥက္ကဌ  Samir  Shah မှ ပြောကြားပါတယ်။ "ဝယ်လိုအားထက် ထုတ်လုပ်မှုလျော့ကျတာကြောင့် မြေပဲ ဆီဈေးကို ထိန်းချုပ်နိုင်ဖို့ အင်အားမရှိပါဘူး။ လည်ပတ်နေတဲ့ ဆီစက်သမားအများစု ဟာ မြေပဲဝယ်ယူဖို့ကြိုးစားနေကြတယ်။ ဒါပေမယ့် ဝင်ရောက်လာတဲ့ မြေပဲအားလုံးကို ပြည်ပတင်ပို့ဖို့ ကုန်သည်များက ဝယ်ယူကြတယ်လို့ " Kaneriya   ဆီစက်လုပ်ငန်းမှ Suresh  Kaneriya  မှ ပြောကြားပါတယ်။    လတ်တလောမှာ ဆီစက်များကဝယ်လိုအားတန် ၁၅၀ ရှိပေမယ့် တန် ၈၀-၉၀ ခန့်သာထုတ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။ မြေပဲရရှိနိုင်မှု ကျဆင်းခြင်းနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့  Gondal  ဆီစက်အသင်း ဥက္ကဌ RAuajibhai  Mandanaka  မှဆိုပါတယ်။ အကယ်လို့သာ လတ်ရှိအခြေအနေတိုင်းသာ သွားရင် ၂ လအတွင်း မြေပဲဆီဈေးက တစ်ဘူးကို ရူပီး ၂၂၀၀(ကန်ဒေါ်လာ ၄၃ ဒသမ ၇၅)အထိ ရောက်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။ ဆီစက်ငယ်များမှာ လက်ရှိလှုပ်ရှားမှုမရှိကြ တော့ဘဲ  အချို့မှာ အခြားဆီကြိတ်ဖို့ ပြောင်းလဲနေကြတယ်လို့လည်း ၎င်းင်းက ဆိုပါတယ်။    လွန်ခဲ့တဲ့ ၁ နှစ်အတွင်း မြေပဲတင်ပို့မှု ကောင်းသလို ပြည်တွင်းသုံးလည်း တိုးတက် လာခဲ့တယ်လို့အိန္ဒိယဆီထွက်သီးနံှ ထုတ်လုပ်တင်ပို့မှု မြှင့်တင်ရေး ကောင်စီ (IOPEPC) ဥက္ကဌ Rajesh  Bheda မှ  ပြောကြားပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း မြေပဲတန်ချိန် ၄၅၀၀၀၀ ကျော်တင်ပို့နိုင်မယ်လို့ မျှော်မှန်းထားကြောင်းလည်း ပြောကြားပါတယ်။ ၂၀၁၁ ဧပြီလမှ အောက်တိုဘာလအတွင်း မြေပဲတန်ချိန် ၃၈၄၀၀၀ တင်ပို့ခဲ့ကြောင်းနဲ့ ၂၀၁၀-၁၁ဘဏ္ဍာနှစ်အတွင်းမြေပဲစုစုပေါင်းတန်ချိန် ၄၁၉၀၀၀တင်ပို့ခဲ့ကြောင်း သိရပါ တယ်။ယုဇန၊Source: Business  Standard