Main menu

Background

မတ်ပဲ

Mon, 03/12/2012 - 09:07 -- Anonymous (not verified)

မတ်ပဲ    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ       ယခင်          ယခု    ပြောင်းလဲမှု     ၁    ဘုရင့်နောင်     ၁ တန်        ၄၄၆၀၀၀     ၃၉၄၀၀၀            ၂    မုံရွာ               ၁ ပိဿာ         ၆၂၅         ၆၂၅                ၃    ပြည်               ၁ ပိဿာ         ၆၇၅        ၆၃၅        ၄    ဟင်္သာတ        ၁ ပိဿာ          ၆၈၅        ၅၇၅                ၅    မန္တလေး         ၁ ပိဿာ          ၆၈၃         ၆၃၃        မတ်ပဲ(ဟောင်း)ရော (သစ်)ပါ အရောင်းအဝယ်ဖြစ်မှုနည်း    ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) သစ်ရော (ဟောင်း) ပါ ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်မှု နည်းသွားကြောင်း သိရပါတယ်။ ဈေးကွက်စဖွင့်ချိန်မှာ အိတ်စပို့ဝယ်လက်တွေက ဈေး ပေးအဝယ်ရှိပေမယ့် နောက်ပိုင်းမှာ ပြည်ပဝယ်လိုအားပျော့သွားတဲ့ အပေါ် အိတ်စပို့ဝယ်လက်တွေက ဈေးချအဝယ်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကျသွားတယ်လို့ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက မတ်ပဲ (RC)  (ဟောင်း)တစ်တန်ကို အနိမ့်ဆုံး ၃၅၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၃၉၇၀၀၀ ကျပ်၊ မတ်ပဲ (RC) (သစ်)တစ်တန်ကို အနိမ့်ဆုံး ၃၈၅၀၀၀ ကျပ်မှအမြင့်ဆုံး ၄၂၈၀၀၀ ကျပ်အတွင်း နှစ် မျိုးပေါင်း တန် ၂၃၃၆ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေး ဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို မြို့ခံပဲခွဲစက်တွေက ဝယ်လိုအား ပါးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာ ကို ၆၃၃ ကျပ်(တစ်တန်ကို ၃၈၇၆၄၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မုံရွာဈေးကွက် မှာမတ်ပဲကို မြို့ခံခွဲစက်နဲ့ မြို့တွင်းလက်လီပြန်လည်ရောင်းချမည့်သူ များက ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၂၅ ကျပ် (တစ်တန်ကို ၃၈၂၇၄၃ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့် ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ဟင်္သာတဈေး ကွက်မှာ မတ်ပဲ(ကုန်ကြမ်း) ကို ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့် နောင်ဈေးကွက်မှာ မတ်ပဲ (RC)ရောင်းဈေးကျလာတဲ့အပေါ် အကြောင်းပြပြီး ဈေးလျော့အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးကျလာပြီး တစ်ပိဿာကို ၅၇၅ ကျပ်(တစ်တန်ကို ၃၅၂၁၂၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၇၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ ပြည်ဈေးကွက်မှာ မတ်ပဲ(ဟောင်း)နဲ့ စာရင် (အသစ်)  ကို ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည် များ အရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျ ဘက်သို့ ဦးတည်နေတယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၃၅ ကျပ်(တစ်တန်ကို ၃၈၈၈၆၇ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။