အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ မော်လမြိုင်ဘဏ်ခွဲ ဖွင့်လှစ်
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ မော်လမြိုင်ဘဏ်ခွဲကို မတ် ၆ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။အဆိုပါဘဏ်ခွဲကို အမှတ် ၃၇၊ ဖက်တန်းရပ်ကွက်၊ မော်လမြိုင်မြို့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ အာရှစိမ်းလန်း မှု ဖွံ့ဖြိုးရေးဘဏ်နှင့် ဆက်သွယ်ဆောင်ရွက် လုပ်ကိုင်လျက် ရှိသည့် ပြည်သူများအနေဖြင့် မည်သည့်ဘဏ်မှမဆို မော်လ မြိုင်မြို့သို့ ငွေလွှဲပေးပို့နိုင်ပြီး ငွေစုလုပ်ငန်းများ၊ စာရင်းသစ်ဖွင့် လှစ်ခြင်းစသည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် သည် မြန်မာနိုင်ငံတစ် ဝန်းတွင် ဘဏ်ခွဲပေါင်း ၁၃ ခုကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘဏ်ခွဲများမှာ ကျောက်ပန်းတောင်း ဘဏ်ခွဲ၊ အောင်လံဘဏ်ခွဲ၊ ညောင်လေးပင်ဘဏ်ခွဲ၊ ဘုရင့် နောင်ဘဏ်ခွဲ၊ မုံရွာဘဏ်ခွဲ၊ မြင်းခြံဘဏ်ခွဲ၊ မြစ်ကြီးနား ဘဏ်ခွဲ၊ မူဆယ်ဘဏ်ခွဲ၊ ဖြူးဘဏ်ခွဲ၊ မြောင်းမြဘဏ်ခွဲ၊ လမ်းမတော်ဘဏ်ခွဲ၊ ကမာရွတ်ဘဏ်ခွဲနှင့် ယခုဖွင့်လှစ်ခဲ့သည့် မော်လမြိုင်ဘဏ်ခွဲ တို့ဖြစ်ကြောင်းသိရသည်။ မယ်သီတာ
